Pages

政治犯が監禁されてる限り 2010年の選挙は 信用できない

Thursday, February 11, 2010

ဒီနစ် ဟော လိဝုဒ် ( Hollywood) အကယ်ဒမီဆုပေးပွဲမှာ တစ်ပြေးနေတဲ့ Burma VJ မှတ်တမ်းကား အပြည့်အစုံ

ဒီနှစ် ဟောလီးဝုဒ်မှာ အကယ်ဒမီဆုရဖို့  Burma VJ တစ်ပြေးနေပြီ။
ဒီမှတ်တမ်းကား အစ အဆုံးကို အကြောင်းအမျိုးမျိုးကြောင့် မကြည့်ရသေးသူတွေ အတွက် ကြည့်လို့ရတဲ့ လင့်ခ့် ကို ရှာပေး လိုက်ပါတယ်။
ဘုရားသားတော်တွေက ဒုက္ခရောက် မြန်မာပြည်သူပြည်သားတွေကို မေတ္တာပို့ ဆုတောင်း ပေးခဲ့ကြ တာ၊ ပြည်သူပြည်သားတွေ က လက်အုပ်ချီ ဦးခိုက်ပြီး ဘုရားသားတော်တွေ မေတ္တာပို့ ဆုတောင်းတာကို ဝမ်းသာကြတာ တွေကို တကမ္ဘာလုံး က ယနေ့ထက်တိုင် မမေ့ရက်နိုင်ကြသေးပါဘူး။
သန်းရွှေဦးဆောင်တဲ့ ဘာသာမဲ့ နအဖ တို့ လုံထိမ်း တွေ စစ်တပ်တွေ ကြံ့ဖွတ်တွေ နဲ့ ဘုရားသားတော်တွေ ပြည်သူလူထုတွေ ကို ရက်ရက်စက်စက် လူမြင်ကွင်းမှာ ရိုက်နှက်တာတွေ ၊သံဃာတော်တွေ သတင်းသုံးတဲ့ ကျောင်းတိုက်တွေကို သူပုန်စခမ်းလို ဝင်စီးခဲ့ကြတာ၊ ကျောင်းတိုက်တွေကို ဖျက်စီးခဲ့ကြတာ၊ ဝင်စီးပြီး ဘုရားသားတော်တွေကို ရိုက်နှက်ဖမ်းဆီး ခဲ့ကြတာတွေ၊ ဘုရားသားတော်တပါးဒဏ်ရာတွေ နဲ့ ရေထဲမှာ မှောက်လျှက် ပျံလွန်တော်မူနေတဲ့သတင်းဓါတ်ပုံ၊ သတင်းယူနေတဲ့ ဂျပန်သတင်းထောက် လမ်းပေါ်မှာ ကင်မရာကိုင်သတင်းယူရင်း အနီးကပ်ပစ် သတ်ခံခဲ့ရတာ၊ စတာတွေဟာ မြန်မာနိုင်ငံ ဗုဒ္ဓသာသနာ သမိုင်း အတွက် အလွန်အရေးပါတဲ့ သမိုင်းအထောက်အထားများကို ကမ္ဘာတလွှားက ဘာသာခြားများကပါ အံ့ဩတုန်လှုပ်ခဲ့ ကြရပါတယ်။
Burma VJ ဟာ ဒီမိုကရက်တစ်မြန်မာ့အသံ ပြည်တွင်းသတင်းထောက်တွေက အသက်စွန့် ရိုက် ကူးထားတဲ့ မှတ်တမ်းတင်ကား ဖြစ်ပါတယ်။
မြန်မာပြည်မှာ စစ်အာဏာရှင်စနစ် ကွယ်ပျောက်ပြီး ဒီမိုကရေစီနိုင်ငံထူထောင်နိုင်ဖို့ ဝိုင်းဝန်းကြိုးပမ်းကြပါစို့ ။
မမေ့မလျှော့မပေါ့သော သူများဖြစ်ကြပါစေ။ ဗုဒ္ဓသာသနာ နေရောင်လရောင် ထွန်းလင်းပါစေ။
ဇော်ဝင်း (နယူးရော်ခ့်)
















No comments:

Post a Comment