Pages

政治犯が監禁されてる限り 2010年の選挙は 信用できない

Tuesday, February 2, 2010

ပုဂံနန်းတော်(ပုဂံတပ်)တံတား ကျပ်သိန်း (၂ဝဝ) ကျော်ကုန် တည်ဆောက်

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ပုဂံတပ်ကျေးရွာအနီး ပေ(၁၂ဝ)အရှည်ရှိ ပုဂံတပ်တံတားမှာ အသွားအလာ များပြားပြီး ပျက်စီး ယိုယွင်းနေသဖြင့် မန္တလေးမြို့ အနောက်ခင်မ ကန်တိုက်မိုးတား ဆရာတော် (သ၊စ၊အ)ဓမ္မာစရိယ (ဝဋံသကာ) ဒီဃနိကာယ ပါဠိပါရဂူ၊ မဟာ ဓမ္မ ကထိက ဗဟုဇနဟိတဓရ အဂ္ဂမဟာ ဓမ္မကထိက ပိဋကတ္တယပါရဂူ နိုင်ငံတော် ဗဟိုသံဃာ ဝန်ဆောင် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသူရိယဘိဝံသ ဦးစီး၍ ကျပ်သိန်း (၂၅ဝ)ကျော် ကွန်ကရစ် အုတ်တံတား အဖြစ် ပြုပြင် တည်ဆောက်လျက် ရှိသည်။ တံတား တည်ဆောက် ရာတွင် ခမည်းတော်ကြီး ဦးဌေး၊ မယ်တော်ကြီး ဒေါ်သောင်း တို့ကို ရည်စူး၍ ဆရာတော် ဘဒ္ဒန္တသူရိယဘိဝံသက ကျပ်သိန်း(၅ဝ)၊ ဦးမြင့်သန်း+ ဒေါ်ဝင်းဝင်းဌေး (မြန်မာသံလွင် သံမဏိ သံရည်ကျိုစက်ရုံ)မိသားစု စက်မှုဇုန်မန္တလေးမှ ကျပ်သိန်း(၂ဝ)၊ ဦးနု-ဒေါ်ခင်မာကြူ မိသားစု(ကြည့်မြင်တိုင်) ရန်ကုန်မှ ကျပ်(၁ဝ)သိန်း အပါအဝင် အလှူရှင်များက စုပေါင်း ပါဝင် လှူဒါန်းငွေဖြင့် တည်ဆောက်လျက်ရှိသည်။ အဆိုပါတံတား ကောင်းမွန် သွားပါက ပုသိမ်ကြီးမြို့နယ်၊ မတ္တရာမြို့နယ်၊ ကျွန်းပိုင်း ကျေးရွာပေါင်း(၂ဝ)ကျော်မှ ကျွန်းကိုင်း တောင်သူ မိသားစုများ မန္တလေးမြို့သို့ သွားလာ ဆက်သွယ်မှု၊ သီးနှံ ကုန်စည်များ သယ်ယူ ပို့ဆောင်မှု လွယ်ကူ လျင်မြန် လာမည် ဖြစ်ကြောင်း သိရသည်။
မန်းကြီး ဟံသာဝတီ | HANTHAWADDY

No comments:

Post a Comment