Pages

政治犯が監禁されてる限り 2010年の選挙は 信用できない

Tuesday, December 29, 2009

ဂျပန်နိုင်ငံရှိ မြန်မာလူမျိုးများ ကျန်းမာရေးနှင့်ပါတ်သက်၍ သိထားသင့်သော ဝေါဟာရများ

  • ခွဲစိတ်ကုသမှုနှင့်အထွေထွေကုသမှ
  • naika,sougou(内科、総合)

  • ကလေးရောဂါကုသမှု
  • shounika(小児科)

  • ခွဲစိတ်ကုသမှု
  • geka(外科)

  • အရိုးရောဂါကုသမှု
  • seikeigeka(整形外科)

  • ဆီးလမ်းကြောင်းဆိုင်ရာရောဂါကုသမှု
  • hinyoukika(泌尿器科)

  • အရေပြားရောဂါကုသမှု
  • hifuka(皮膚科)

  • သားဖွားနှင့်မီးယပ်ရောဂါကုသမှု
  • sanka,fujinka(産科、婦人科)

  • မျက်စိရောဂါကုသမှု
  • ganka(眼科)

  • နား၊နှာခေါင်းနှင့်လည်ချောင်းရောဂါကုသမှု
  • jibika,inkouka(耳鼻科、咽喉科)

  • သွားကုသမှု
  • shika(歯科)

  • စိတ်ရောဂါနှင့်အာရုံကြောရောဂါကုသမှု
  • seishinka,shinkeika(精神科、神経科)

  • ကျောက်ကပ်ရောဂါကုသမှု
  • jinzounaika(腎臓内科)

  • စိတ်နှင့်ကိုယ်ဆိုင်ရာရောဂါကုသမှု
  • shinryounaika(心療内科)

  • စအိုနှင့်စအိုဝကုသမှု
  • koumonka(肛門科)

  • အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများ
  • kokyuukika(呼吸器科)

  • အစာအိမ်နှင့်အူသိမ်ကုသမှု
  • shoukakika,ichouka(消化器科、胃腸科)

  • ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ကုသမှု
  • noushinkeigeka(脳神経外科)

  • ရုပ်သွင်ပြင်ခွဲစိတ်ကုသမှု
  • biyougeka(美容外科)

  • ဓါတ်မှန်
  • houshasenka(放射線科)

  • မေ့ဆေးပညာ
  • masuika,pe in kuri nik ku(麻酔科、ペインクリニック)

  • ကောင်တာ(reception)
  • uketsuke(受付)

  • လူနာကဒ်ပြား
  • shinsatsuken(診察券)

  • ပြင်ပလူနာဆေးကုခန်း
  • gairai(外来)

  • ကနဦးဆေးစစ်ခြင်း
  • shoshin(初診)

  • ဆေးရုံတင်ခြင်း
  • nyuuin(入院)

  • ဆေးရုံဆင်းခွင့်
  • taiin(退院)

  • အတွင်းလူနာဆောင်
  • nyuuinbyoutou(入院病棟)

  • ခွဲစိတ်ခန်း
  • shujustushitsu(手術室)

  • သားဖွားခန်း
  • bunbenshitsu(分娩室)

  • ဆေးကုသမှုတိုင်ပင်ခန်း
  • iryousoudanshitsu(医療相談室)

  • အာဟာရရေးရာတိုင်ပင်ခန်း
  • eiyousoudanshitsu(栄養相談室)

  • အရေးပေါ်လူနာ
  • kyuukan(急患)

  • လူနာတင်ယဉ်
  • kyuukyuusha(救急車)

  • လူနာကြည့်သွားခြင်း
  • menkai,omimai(面会、お見舞い)

  • ဆေးကုသမှုကုန်ကျစရိတ်
  • chiryouhi(治療費)

  • သူနာပြု
  • kangoshi(看護師)

  • ဆရာဝန်
  • ishasan,ishi,sensei(医者さん、医師、先生)

  • ဓါတ်မှန်ခန်း
  • ren to gen shitsu(レントゲン室)

  • (ဆရာဝန်နှင့်တွေ့ရန်)စောင့်နေခန်း
  • machiaishitsu(待合室)

  • ငွေကိုင်
  • kaikei(会計)

  • ဆေးဆိုင်
  • yakkyoku(薬局)

  • ဆီးစစ်ခန်း
  • kennyoushitsu(検尿室)

  • ကုသခန်း
  • shochishitsu(処置室)

  • တရုတ်အပ်စိုက်ကုသမှု
  • shinkyuu(針灸)

  • သွေးနမူနာယူခန်း
  • saiketsushitsu(採血室)

  • စမ်းသပ်စစ်ဆေးခန်း
  • kensashitsu(検査室)

  • ကားရပ်နားခွင့်လက်မှတ်
  • chuushaken(駐車券)



တံဆိပ်ခေါင်းဝါသနာအိုးများအတွက် ဂျပန်ခေတ်ကတံဆိပ်ခေါင်းများ

Stamps                                                                                                                                                

Sunday, December 27, 2009

အမှန်တရားအတွက် မီဒီယာတွေဖေါ်ထုတ်ကြပါစို့

အာရှတော်ဝင်ဆေးခန်းမှာ သမားတော်ဆရာဝန်ကြီးနှင့် သွားဆရာဝန်အကြား သေဆုံးသွားခဲ့တဲ့ဒေါ်ခင်ကြည်
အကြောင်းလေးကို အများသူငါသိအောင်တင်ပြပေးစေလိုပါတယ်။ကူညီပေးစေလိုပါတယ်၊
ပြည်တွင်းဂျာနယ်တွေကလည်း အမှန်တရားဖက်ကို တစ်ချက်တစ်ချက် မျက်ကွယ်ပြုသလိုဖြစ်နေတာလဲ ပါပါတယ်။
သေဆုံးသူ ဒေါ်ခင်ကြည် (အသက် ၆၈နှစ်) ဟာ အထက်တန်းပြဆရာမ (ငြိမ်း)ဖြစ်ပြီး အမှတ် ၂၁၊ ၁၃၄ လမ်း၊
မအူကုန်း၊ ရန်ကုန်မြို့မှာနေထိုင်သူတစ်ဦးဖြစ်ပါတယ်။သူက ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ များရှိပြီး ရှင်ပါကူ
ဆေးခန်းမှာတက်ရောက်ကုသနေကျဖြစ်ပါတယ်။
နောက်ဆုံးတစ်ကြိမ်မှာတော့ ခြေ၊ လက် နှင့် ကိုယ်တွေပါရောင်လာလို့ ကျောက်ကပ်ဆရာဝန်ဆီမှာ ပြသရန်
refer လုပ်ပေးခဲ့ပါတယ်။ကျောက်ကပ်အထူးကုဆရာဝန် ဒေါက်တာ ဒေါ်ခင်သီတာသွင်ကအာရှတော်ဝင် ဆေးခန်းကိုတက်ခိုင်းပါတယ်။ လွှဲပြောင်းတက်ရောက်တဲ့နေ့ကတော့ (၇.၁၁.၂၀၉)၇က်နေ့ဖြစ်ပါတယ်။
ထို့နောက် တစ်ရက်ခြား ကျောက်ကပ်ဆေးနေရပါတယ်။ စုစုပေါင်း(၅) ကြိမ်ဆေးပြီးသွားပါပြီ။
လူနာမှ လျှာ နှင့် သွားတွင် နာကျင်ကြောင်း ပြောသည့်အတွက်အာရှတော်ဝင်ဆေးခန်းကြီးမှာထိုင်သည့်
ဒေါ်ကြူကြူဝင်းဆွေမှ လာကြည့်ပါတယ်။လျှာမှာအနာတွေ့သောကြောင့် biopsy ယူမှရမည်၊သွားများကိုလည်း
စစ်ဆေးပေးမည်ဟုဆိုသောကြောင့် (၂၁.၁၁.၂၀၉) ရက်နေ့ နံနက်(၇)နာရီတွင် operation theater သွင်းပြီး လျှာတွင် biopsy ယူတဲ့အပြင်သွား (၁၁)ချောင်းကို နှုတ်လိုက်ပါတယ်။ (၁၀)နာရီတွင် operation theater မှ
ပြန်ထုတ်လာခဲ့ပါတယ်။
ထုတ်လာသည့်အချိန်မှစပြီး သတိပြန်လည်လာခြင်းမရှိပါ။ (၂)နာရီတွင် ICU ဌာနသို့ခေါ်ဆောင်သွားခဲ့ပါတယ်။
သတိပြန်ရလာခြင်းမရှိဘဲ (၂၂.၁၁.၂၀၀၉) ရက်နေ့တွင် နံနက် (၄း၅၀)မှာ သေဆုံးခဲ့ပါတယ်။ Death Certificate မှာ သေဆုံးရောဂါဖော်ပြရာတွင် လူကြီးရောဂါဟုရေးသားဖော်ပြခဲ့ပါသည်။လျှာ biopsy results မှာ
ကင်ဆာမဟုတ်ကြောင်း ဓါတ်ခွဲခန်းမှ အကြောင်းပြန်စာကို နောက်ပိုင်းတွင်းသိ၇ပါသည်။
စဉ်စားမိသည့်အချက်များမှာ -
(၁) အခြားရောဂါများရှိပြီး ကျောက်ကပ်ဆေးနေရတဲ့လူနာကို တစ်ကြိမ်တည်းသွား (၁၁) ချောင်း နှုတ်သင့်ပါသလား
(၂) Death Certificate မှာ သေဆုံးရောဂါဖော်ပြရာတွင် လူကြီးရောဂါ ဆိုသည်မှာ ဘာကိုဆိုလိုတာလဲ
လက်ရှိကြုံတွေ့နေရသောပြသနာများ
(၁) True Journal မှအသေးစိတ်လာရောက်သတင်းယူမေးမြန်းသွားပါသည်။ ဂျာနယ်တွင်မပါသောကြောင့်
မေးမြန်းစုံစမ်းရာ အာရှတော်ဝင်ဆေးခန်းမှ မထည့်ရန်ပိတ်ပင်ထားကြောင်း
(၂) 7 Days News Journal မှအသေးစိတ်လာရောက်သတင်းယူမေးမြန်းသွားပါသည်။ ဂျာနယ်တွင်
မပါသောကြောင့် မေးမြန်းစုံစမ်းရာ အာရှတော်ဝင်ဆေးခန်းမှမထည့်ရန် ပိတ်ပင်ထားကြောင်းတို့ကို သိရှိရပါသည်။
(၃) ယခုအခါ သေဆုံးသူကာယကံရှင် မိသားစုအား အာရှတော်ဝင်ဆေးရုံကြီးမှ ယခုအကြောင်းအား
အပြင်သို့မပြောရန်၊ မဖော်ရန် အကြိမ်ကြိမ်ဖိအားပေးဆောင်ရွက်နေကြောင်းသိရှိရပါသည်။
မင်းရန်နိုင်

ခေတ်မှီတိုးတက်နေတဲ့ မြန်မာတို့ရဲ့ ရွှေနိုင်ငံ


အတ္တကင်းစင်ဒီမိုကရေစီလွင်ပြင်မှဖေါ်ပြပါသည်။

မြို့မငြိမ်း ရာပြည့် ဂုဏ်ပြုပွဲ ကျင်းပမည်


မြို့မငြိမ်း
မွေးသက္ကရာဇ် ၁၂၇၀ ပြည့်နှစ် ၊ တပေါင်းလဆန်း (၅) ရက်
အမည်ရင်း ဦးကျော်ငြိမ်း
မိဘအမည် ဦးညီ + ဒေါ်ချစ်ဦး
နိုင်ငံ မြန်မာ
ကိုးကွယ်သည့်ဘာသာ ဗုဒ္ဓဘာသာ
မွေးဖွားရာဒေသ မန္တလေးမြို့
ပညာအရည်အချင်း
အလုပ်အကိုင် တေးရေးဆရာ၊ ဂီတပညာရှင်
ထင်ပေါ်ကျော်ကြားမှု ပါရမီထူးချွန်သော တေးဂီတပညာရှင်
အလင်္ကာကျော်စွာ ဆရာမြို့မငြိမ်း အသက် ၁၀၀ ပြည့်မွေးနေ့ ဂုဏ်ပြုပွဲကို မန္တလေးမြို့မ တူရိယာ အသင်းတိုက်၌ လာမည့် ဒီဇင်ဘာ ၃၀ ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ သူ၏ တိမ်မြုပ်နေသည့် တေးသီချင်းများဖြင့် ဖျော်ဖြေမည် ဖြစ်ကြောင်းသိရသည်။ အဆိုပါ ဂုဏ်ပြုပွဲကို မန္တလေး စာပေနှင့် အနုပညာရှင်များ အသိုင်းအ၀ိုင်းကကျင်းပ ကြမည်ဖြစ်သည်။
မြို့မငြိမ်း ရာပြည့်တွင် စန္ဒရား ဦးသိန်းမောင်၊ အဆိုတော် ရာဇာဝင်းတင့်၊ သန်းသန်းစိုးနှင့် ရီရီသန့် စသော ရန်ကုန်၊ မန္တလေး အနုပညာရှင်များနှင့် မန္တလေး မြို့မ တူရိယာ သံစုံတီးဝိုင်းတို့က ဖျော်ဖြေမည်ဖြစ်ကြောင်း မန္တလေးမြို့ခံ စာနယ်ဇင်းသမား တဦး ကပြောသည်။

ဆရာ မြို့မငြိမ်း ရေးသားခဲ့သော သီချင်း ၂၀၀ ခန့် ရှိသည်ဟု မြန်မာ့စွယ်စုံကျမ်းတွင် ပါရှိသည်။ သူ၏ သီချင်းများအနက် ပထမဆုံး ကျော်ကြားခဲ့သော သီချင်းမှာ “ချစ်တာပဓာန” သီချင်း ဖြစ်သည်။ သီချင်းရေး သက်တမ်း၂၄ နှစ်အတွင်း ကျော်ကြားခဲ့သော သီချင်း များမှာ ခင့်အိပ်မက်၊ တစ်ချစ်ထဲ ချစ်၊ မြင်းခင်းတော်၊ နတ်သျှင်နောင်၊ မေ့ပါနိုင်၊ ပျို့မှာတမ်း၊ သက်ဝေ၊ ပါရမီတော်၊ ချစ်ရဲဘော်၊ မင်္ဂလာမောင်မယ်၊ ငွေဇင်ယော်၊ ပြုံးတဲ့မေ၊ လေချိုသွေး စသော သီချင်းများဖြစ်ကြောင်းလည်း စွယ်စုံကျမ်းတွင် ဖော်ပြထားသည်။

စာရေးဆရာမကြီး လူထုဒေါ်အမာ၏ ပြည်သူချစ်သော အနုပညာသည်များ စာအုပ်တွင်လည်း“ဆရာငြိမ်း၏ သက်ဝေ၊ တချစ်ထဲချစ်၊ သခွပ်ပန်း၊ ဒေါင်းစက်ယဉ် တို့သည် မြင်းခင်းတော်၊ နန်းမြို့တော်၊ နတ်ရှင်နောင်၊ လက်ဝဲသုန္ဒရ စသည့် သီချင်းများနှင့်အတူ ကြာရှည်တည်မည့် ခေတ်သီချင်း (Modern classics) များ ဖြစ်နေပါလိမ့်မည်” ဟု မှတ်တမ်းတင်ထားသည်။

ဆရာမြို့မငြိမ်း၏ “လူချွန်လူကောင်း” သီချင်းနှင့် ပတ်သက်၍ ဆရာဗိုလ်ကလေးတင့်အောင် မကွယ်လွန်ခင်က ချီးကျူး ပြောဆို ခဲ့ဖူးကြောင်း စာရေးဆရာ ချစ်ဦးညိုကလည်း ပထမအကြိမ် စင်ကာပူ စာပေဟောပြောပွဲတွင် ထည့်သွင်းပြောသွားခဲ့သည်။

ဝန်ကြီးချုပ်ဦးနုလက်ထက်က ၎င်း၏ ပြည်တော်သာစီမံကိန်းအကြောင်း သီချင်းစပ် ပြိုင်ပွဲကျင်းပရာ ဆရာ ဗိုလ်ကလေး တင့်အောင်က ပထမရခဲ့ကြောင်း၊ ထိုသီချင်းကို မြန်မာ့အသံက လွှင့်သော်လည်း နားထောင်သူပရိသတ်သာမက ဆရာ ဗိုလ်ကလေးတင့်အောင် ကိုယ်တိုင် မမှတ်မိတော့ကြောင်း၊ ဆုရရန် မရိုးသားသည့် ရည်ရွယ်ချက်ဖြင့် ရေးစပ်သည့် သီချင်း ဖြစ်သောကြောင့် လူအများ၏ စိတ်ထဲတွင် သတိမရတော့ခြင်း ဖြစ်ကြောင်း ဝန်ခံပြောဆိုခဲ့သည်ဟု ဆိုသည်။

ဆရာ ဗိုလ်ကလေးတင့်အောင်ကပင် ထိုသို့ ပြည်တော်သာစီမံကိန်းသီချင်း စပ်နေချိန်၌ မြို့မငြိမ်းက “လူချွန်လူကောင်း” သီချင်းကို လာရောက်ပြသခဲ့ကြောင်း၊ ထိုသီချင်းကို ကောင်းသည်ဟု မထင်ခဲ့သော်လည်း ထိုသီချင်းမှာ ယခုအချိန်အထိ လူအများ၏ ပါးစပ် ဖျား၌ စွဲမြဲနေဆဲဖြစ်ကြောင်း ပြောခဲ့သည်။

ဆရာမြို့မငြိမ်း သီချင်း စတင်ရေးသားသော အချိန်၌ အနောက်တိုင်း တေးသွားများကို ပုံတူကူး၍ မြန်မာ စကားလုံးသွင်းကာ စပ်ဆိုသော အလေ့အကျင့် ခေတ်စားနေချိန်ဖြစ်သည်။ သို့သော် သူကမူ အနောက်တိုင်း ဂီတမှ သီချင်းစပ်နည်းကို မှီငြမ်း သော် လည်း တေးသွားကို ခိုးယူခြင်းမပြုဘဲ သူ၏ ပင်ကိုဂီတဉာဏ်ဖြင့်သာ ကိုယ်ပိုင် တေးသွားများ ရေးစပ်ခဲ့သူ ဖြစ်ကြောင်း သိရသည်။

နောက်ပိုင်းတွင် ဆရာမြို့မငြိမ်းသည် သူ၏ရည်မှန်းချက် မပြည့်ဝမှုကြောင့် စိတ်ဓာတ်ကျဆင်းလာခဲ့သည်။
“သူစိတ်ဓာတ်ကျပြီး ဂီတကို တလုံးမှ နားမလည်တဲ့ ဘတ်စ်ကား စပယ်ယာ၊ ဒရိုင်ဘာ တွေနဲ့ ဂီတကို လုပ်ပြမယ် ဆိုတာမျိုးပြောပြီး တောင်မြို့(အမရပူရ)အမှတ်(၈) လိုင်းကားက ဒရိုင်ဘာတွ စပယ်ယာတွေနဲ့ လုံးကောက်တွေမှတ်၊ ဝါးပုလွေ တွေနဲ့ လုပ်လာတယ်၊ စိတ်ဓာတ်တက်ကြွတဲ့ အခါမှာ တက်ကြွ၊ စိတ်ဓာတ်အတက် အကျတွေ မြန်လာပြီး နောက်ဆုံး ကိုယ့်ကိုယ် ကိုယ် အဆုံးစီရင်တဲ့ အထိ ဖြစ်သွားတာပေါ့ဗျာ”ဟု ဆရာဆူးငှက်ကပြောပြသည်။
မြို့မငြိမ်းကို ၁၉၀၉ ခုနှစ် ဇန်န၀ါရီလ ၂၅ ရက် (၁၂၇၀ ခု တပို့တွဲလဆန်း ၅ ရက် ၊ တနင်္လာနေ့) မွေးဖွားသည်ဟု ပြည်သူချစ်သော အနုပညာသည်များ စာအုပ်တွင် ပါရှိသည်။
ဆရာ မြို့မငြိမ်းကို မန္တလေးမြို့၌ ဦးညီနှင့် ဒေါ်ချစ်ဦးတို့က မွေးဖွားခဲ့ပြီး မွေးချင်း ၂ ဦးအနက် အကြီးဖြစ်သည်။ အမည်ရင်းမှာ ဦးကျော်ငြိမ်းဖြစ်သည်။ ဂီတကို ဝါသနာပါသည့်အပြင် ပန်းချီပန်းပု ပညာရပ်များကိုလည်း တတ်မြောက်ခဲ့သည်။
သူ အသက် ၂၂ အရွယ်တွင် မသန်းသန်းနှင့် အိမ်ထောင်ကျခဲ့ပြီး သားသမီး ၁၃ ဦးထွန်းကားခဲ့သည့်အနက် သူ ကွယ်လွန်ချိန်တွင် ၈ ဦးကျန်ရစ်ခဲ့ကြောင်းသိရသည်။
ဆရာ မြို့မငြိမ်းသည် ၁၉၅၅ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့ နံနက်အစောပိုင်းတွင် မန္တလေးမြို့၌ ကားမတော်တဆမှုဖြင့် ကွယ်လွန်ခဲ့သည်ဟု စွယ်စုံကျမ်းတွင် ဖော်ပြပါရှိသည်။
မြန်မာ့ဂီတကို ကမ္ဘာ့ဂီတအဆင့်သို့ မြှင့်တင်နိုင်ရေး ကြိုးပမ်းသွားသူ မြို့မငြိမ်းသည်သူ၏ရည်မှန်းချက် ဖြစ်သော ဆင်ဖိုနီ (Symphony) (ခေါ်) မြန်မာသံစုံ တီးဝိုင်းဖြစ်မြောက်ရေးကို အသက်ရှင်စဉ် တလျှောက်လုံး ကြိုးပမ်းခဲ့သူ ဖြစ်သည်။ လက်ရှိတွင် မြို့မ တူရိယာအသင်း ဆက်လက် ရှင်သန်နေဆဲ ဖြစ်သော်လည်း ဆရာမြို့မငြိမ်း၏ ရည်မှန်းချက်ကို အကောင် အထည် ဖော်နိုင် ခြင်း မရှိသေးပေ။

Saturday, December 26, 2009

ရုရှားလုပ် MIG-29 တိုက်လေယာဉ်များ အကြောင်း သိကောင်းစရာ

ကျော်သိင်္ခ ။ ။ ရုရှားနိုင်ငံက မြန်မာ စစ်အစိုးရကို အမေရိကန်ဒေါ်လာ သန်း ၅၇၀ တန်ဖိုးရှိ MiG-29 Fulcrum-D အမျိုးအစား တိုက်လေယာဉ် အစီး ၂၀ နှင့် ဒေါ်လာ ၇၁ သန်းဖိုးရှိ MI-5 တိုက်ခိုက်ရေး ရဟတ်ယာဉ်များကို ရောင်းချထားသည်။
Mikoyan MiG-29 K/KUB ဖြစ်ပြီး နေတိုး၏ သတ်မှတ်ချက်အရ Fulcrum-D ဟု နာမည်ပေးထားသည်။ MiG-29 K သည် ပိုင်းလော့ တဦးတည်းမောင်း ဘက်စုံသုံး တိုက်လေယာဉ်ဖြစ်ပြီး MiG-29 KUB သည် ပိုင်းလော့ ၂ ယောက်ထိုင် ဘက်စုံသုံး တိုက်လေယာဉ်သို့ အမောင်းသင် လေယာဉ် ဖြစ်သည်။ ကျန်သည့် ဝန်ဆောင်နိုင်သည့် အနေအထားများမှာ တူညီသည်။
မျိုးဆက်လေးခုမြောက် စီးရီးဖြစ်ပြီး ဆီပေးစနစ် ပိုကောင်းအောင် ပြုပြင်ထားပြီး ဝန်ဆောင်နိုင်မှုအား ပိုလာသည်။ ထို့ပြင် Zhuk-ME အဆင့်မြင့် ရေဒါ တပ်ဆင်ထားပြီး ပစ်မှတ်ကို ရှာဖွေရာနှင့် ပစ်ခွင်းရာတွင် ပိုမိုတိကျမှု အားကောင်းအောင် မွမ်းမံထားသည်။
MIG-29 K/KUB လေယာဉ်၏ အရွယ်အစားနှင့် ဝန်တင်ဆောင်နိုင်မှု ပမာဏ
mig-29k
• လေယာဉ်မောင်း တဦး (MiG-29 K)
• လေယာဉ်မောင်းနှင့် အပိုတဦး၊ ပေါင်း ၂ ဦး (MiG-29 KUB)
• စတင်ပျံသန်းစဉ် အလေးချိန် (ပုံမှန်အခြေအနေ) - ၁၈၅၅ဝ ကီလိုဂရမ် (၄ဝ ၈၉၅ ပေါင်)
• စတင်ပျံသန်းစဉ် အလေးချိန် (အမြင့်ဆုံးဝန်) ၂၂ ၄ဝဝ ကီလိုဂရမ် (၄၉ ၃၈၃ ပေါင်)
• အများဆုံး သယ်ဆောင်နိုင်သည့် ဝန်ချိန် - ၅၅ဝဝ ကီလိုဂရမ် (၁၂၁၂၅ ပေါင်)
• အများဆုံးပျံသန်းနိုင်မှုနှုန်း - တနာရီလျှင် ၂၄ဝဝ ကီလိုမီတာ ( တနာရီလျှင် ၁၄၉၁ မိုင်)
• အမြင့်ဆုံး ပျံတက်နိုင်မှုနှုန်း - ပင်လယ်ရေမျက်နှာပြင်မှ တမိနစ်လျှင် ၁၇ ၇၆ဝ မီတာ (တမိနစ်လျှင် ၅၈၂၆ဝ ပေ)
• တိုက်ပွဲ၌ အမြင့်ဆုံး ပျံတက်နိုင်သည့် အကွာအဝေး - ၁၈ ၀၀၀ မီတာ (၅၉ ဝ၅၅ ပေ)
• လောင်စာဆီ တင်ဆောင်နိုင်မှု အများဆုံးပမာဏ - ၅၂၄ဝ ကီလိုဂရမ် (၁၁ ၅၅၂ ပေါင်)
• လေယာဉ်အတွင်း ဆီလှောင်ကန်မှ ဆီကို အသုံးပြု၍ တိုက်ခိုက်နိုင်သည့် ဧရိယာ အဝန်းအဝိုင်း (အကျယ်အဝန်း) - ၈၅ဝ ကီလိုမီတာ (၅၂၈ မိုင်)
• အပိုဆီလှောင်ကန်အတွင်း ဆီကို အသုံးပြု၍ တိုက်ခိုက်နိုင်သည့် ဧရိယာ အဝန်းအဝိုင်း (အကျယ်အဝန်း) - ၁၃ဝဝ ကီလိုမီတာ (၈ဝ၇ မိုင်)
• ဆီပြန်ဖြည့်ပြီး တိုက်ခိုက်နိုင်သည့် ဧရိယာ အဝန်းအဝိုင်း (အကျယ်အဝန်း) - ၃၅ဝဝ ကီလိုမီတာ (၂၁၇၄ မိုင်)

MiG – 29 တိုက်လေယာဉ် တစင်းတွင် ပါဝင်သော လက်နက်အမျိုးအစားများ (အကြမ်းဖျဉ်း)
• ၁ X ၃ဝ မီလီမီတာ GSh-30-1 cannon အလုံး (၁၅ဝ)
• ဒုံးပျံများနှင့် ချိန်ကိုက်ဗုံး ထိန်းချုပ်စနစ် (Semi-active Radar Homing – SARH) ပါသော လေထဲပစ် ဒုံးကျည် အပါအဝင် ၃၅ဝဝ ကီလိုဂရမ် (၇၇၂ဝ ပေါင်) အထိ အလေးချိန်ရှိသော လက်နက်များ

(SARH စနစ်သည် AA-8 "Aphid", ", AA-11 "Archer", AA-12 "Adder စသည့် လေထဲပစ်ဒုံးကျည်များနှင့် FAB 500-M62, FAB-1000, TN-100, ECM Pods, S-24, AS-12, AS-14 စသည့် ပေါက်ကွဲအားမြင့်သော ဗုံးများကို ထိန်းချုပ်နိုင်သော စနစ် ဖြစ်သည်။)

• လေဆာစနစ် ပဲ့ထိန်း ဗုံးအမျိုးအစားများ - KAB-500KR, KAB-1000KR, KAB-1500KR ၊
• တီဗီစနစ်ဖြင့် ထိန်းချုပ်သော ဗုံးအမျိုးအစားများ - FAB-250, FAB-500, FAB-1000, FAB-1500၊
• အလွတ်ပစ် ဗုံးအမျိုးအစားများ - BetAB-250, BetAB-500၊
• ကွန်ကရစ် ထိုးဖောက်နိုင်သော ဗုံးအမျိုးအစားများ RBK-250, RBK-500
• ၃ဝ ကီလိုတန် (Kiloton – Kt) နူကလီးယားဗုံး တလုံး - S-8, S-13
• အလွတ်ပစ်ဒုံးကျည် - ZAB-500
• မီးလောင်ဗုံး - KMGU-2
• လက်နက်ခဲယမ်းမီးကျောက်ထည့်သည့် အပိုခန်းများ
• ၁၁၃၇ လီတာ (၃ဝဝ ဂါလံ) သို့မဟုတ် ၁၄ဝဝ လီတာ (၃၇ဝ ဂါလံ) ဆန့် ဆီလှောင်ကန် နှစ်ခုနှင့် ၂၂၇၄ လီတာ (၆ဝဝ ဂါလံ) ဆန့် ဆီလှောင်ကန် တခု (စုစုပေါင်း ဆီလှောင်ကန် သုံးခု)
ရေဒါတပ်ဆင်ထားမှု
• Phazotron N019 နှင့် N010 ရေဒါစနစ်

MIG-29 တိုက်လေယာဉ်အမျိုးအစား ၈ မျိုး ရှိပြီး အောက်ပါအတိုင်းဖြစ်သည်။
MIG-29B: (ပထမဦးဆုံး ထုတ်လုပ်ခဲ့သော အမျိုးအစားဖြစ်ပြီး ပိုင်းလော့ တယောက်စာ ထိုင်ခုံပါသည့် အမျိုးအစား)
MIG-29UB: (စစ်ပွဲသုံး နှစ်ယောက်ထိုင်ခုံပါ၊ ရေဒါစနစ် မပါသည့် အမျိုးအစား)
MIG-29SD: (အီလက်ထရွန်းနစ် စနစ်အပိုင်းကို ပြန်လည်အဆင့်မြှင့်ထား (upgrade လုပ်ထား) သော အမျိုးအစား)
MIG-29S: (အီလက်ထရွန်းနစ်နှင့် ရေဒါစနစ်ကို ပြန်လည် upgrade လုပ်ထားသော အမျိုးအစား)
MIG-29SE: (ဘက်စုံသုံး အပေါ့စား ပြည်ပတင်ပို့သည့် အမျိုးအစား)
MIG-29TVK: (အမောင်းသင် အမျိုးအစား)
MIG-29K: (တိုက်ခိုက်ရေး သို့မဟုတ် အမောင်းသင် အမျိုးအစား)
MIG-29M/ME: (လေယာဉ် စနစ်အားလုံးကို မြှင့်တင် (upgrade) လုပ်ထားပြီး, လက်နက်ထိန်းချုပ်ရေး စနစ်ပါသော အမျိုးအစား)

ပီရူးလေတပ်၏ စာရင်းဇယားများအရ MiG-29 လေယာဉ်ကို အသုံးပြုသော နိုင်ငံများ နှင့် အသုံးပြုသောလေယာဉ်အရေအတွက်
နိုင်ငံအမည် MiG-29အမျိုးအစား အရေအတွက်
အယ်လ်ဂျီးရီးယား MiG-29 51
ဘင်္ဂလားဒေ့ရှ် MiG-29SE/MiG-29UB 14/2
ဘဲလားရပ်စ် (အရေအတွက် မသိရ)
ဘူးလ်ဂေးရီးယား MiG-29S/MiG-29UB 16/4
ကျူးဘား
အရစ်ထရီးယားဟန်ဂေရီ (၂၀၁ဝ တွင် ဝယ်ရန် ကမ်းလှမ်းထား)
အိန္ဒိယ MiG-29/MiG-29K 69/12

အိန္ဒိယလေတပ်တွင် ယခုလက်ရှိအသုံးပြုနေသော MiG-29 ၆၉ စီးရှိသည်။ ၂ဝဝ၈ ခုနှစ် နိုဝင်ဘာလ စာရင်းဇယားအရ အိန္ဒိယရေတပ်တွင် အသုံးပြုရန် MiG-29K အမျိုးအစား တိုက်လေယာဉ် ၁၂ စီးကို မှာယူခဲ့သည်။
အီရန် (အရေအတွက် မသိရ)
ကာဇစ္စတန် (အရေအတွက် မသိရ)
ကာဂျစ်စတန် (အရေအတွက် မသိရ)
မလေးရှား (အရေအတွက် မသိရ)
လက်ဘနွန် ၁ဝ စီးပို့ရန် ရှိ
မြန်မာ ၁၂ စီး (ယခု ဝယ်ယူသော အရေအတွက် မပါ)
ပီရူး ၁၉ စီး (၂ဝဝ၈ ခုနှစ် နိုဝင်ဘာလ စာရင်းအရ)
မြောက်ကိုရီးယား ၄ဝ စီး (၂ဝဝ၈ ခုနှစ် နိုဝင်ဘာလ စာရင်းအရ)
(မြောက်ကိုရီးယားက ဘဲလားရပ်စ် နိုင်ငံမှ အစဦးပိုင်က MiG-29 ၁၂ စီးဝယ်ယူခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် ရုရှနိုင်ငံမှ MiG-29SE အမျိုးအစား ၁၈ စီးအပြင်၊ နောက်ထပ် အသစ် ၃ စီး မှာယူခဲ့သည်။)
ပိုလန် ၃၆ စင်း
ရုရှ ၄ဝ၆ စင်း (၂ဝဝ၈၊ နိုဝင်ဘာ စာရင်းအရ)
(MiG-29SE အမျိုးအစား တိုက်လေယာဉ်အစီး ၁ဝဝ ကို နိုင်ငံခြားသို့ရောင်းချရန် စီစဉ်ထားသည်။ အယ်လ်ဂျီးရီးယားက MiG-29SMT အမျိုးအစား အသစ် ၃၄ စီးကို ဝယ်ယူရန် မှာခဲ့သော်လည်း နောက်ပိုင်းတွင် ဝယ်ယူရန် အစီအစဉ်ကို ငြင်းပယ်ခဲ့သည်။)
ဆိုက်ဘေးရီးယား ၄ စီး
စလိုဗာကီးယား ၂၁ စီး
ဆူဒန် ၁၁ စီး (နောက်ထပ် ၁၂ စီး မှာယူထား)
ဆီးရီးယား (အရေအတွက် မသိရ)
ယူကရိန်း ၂၂ဝ စီး (၂ဝဝ၈ နိုဝင်ဘာလ စာရင်းအရ)
အမေရိကား (အရေအတွက် မသိရ)
ဥဇဘက်ကစ္စတန် (အရေအတွက်မသိရ)
ရီမင် (အရေအတွက် မသိရ)

ခရစ်စမတ်နေ့အကြိုပွဲ ကျင်းပစဉ်ပုပ်ရဟန်းမင်းကြီးလဲကျ

 ခရစ်စမတ်အကြိုည သန်းခေါင်ယံအချိန်မတိုင်မီ ပုပ်‌ရဟန်းမင်းကြီး(Pope Benedict) သည် ခရစ်စမတ်အကြိုပွဲတော်အခန်းအနားကို Saint Peter's Basilica ဘုရားရှိခိုးကျောင်းတွင်ကျင်းပစဉ် လူအုပ်ထဲမှ အမျိုးသမီးထွက်လာပြီးတွန်းလိုက်သဖြင့် လဲကျသွားခဲ့ပါသည်။ဒါပေမယ့်အသက်(၈၂)နှစ်ရှိပြီဖြစ်သောပုပ်‌ရဟန်းမင်းကြီး(Pope Benedict) သည် အခန်းအနားကိုပြီးအောင်ကျင်းပနိုင်ခဲ့ပါသည်။


Friday, December 25, 2009

Saturday, December 19, 2009