Pages

政治犯が監禁されてる限り 2010年の選挙は 信用できない

Thursday, February 4, 2010

ယခုနှစ်တွင်လည်း ကျော်သူ အကယ်ဒမီပွဲဖိတ်စာ မရ

စနေနေ့တွင် ကျင်းပမည့် အကယ်ဒမီဆုပေးပွဲ အခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားခြင်း မခံရကြောင်း သရုပ်ဆောင် ကျော်သူက ပြောသည်။
အကယ်ဒမီဆုဟု ထင်ရှားသည့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲ ဖိတ်စာ မရရှိခဲ့သည်မှာ ၂ နှစ် ဆက်တိုက် ရှိပြီဖြစ်သည်ဟု ဆိုသည်။“ကျနော့်ကို ဖိတ်စာလည်း မပို့ဘူး၊ ဖိတ်စာ ရရမယ့် လူစာရင်း ထဲမှာလည်း မပါဘူး။ အနုပညာနဲ့ ပတ်သက်ပြီး ဘာမှ လုပ်ခွင့်မရတာ။ နာမည်တောင် ပါခွင့် မရဘူးလေ။ ကျနော့်ကို ဒီရုပ်ရှင်လောက ထဲကနေ မောင်းထုတ်ထားတဲ့ သဘောပေါ့” ဟု ရုပ်ရှင်နှင့်ဗီဒီယို သရုပ်ဆောင် အကယ်ဒမီ ကျော်သူက ဧရာဝတီကို ပြောသည်။
၂၀၀၇ ခုနှစ်တွင် ကျော်သူက ဆန္ဒပြသည့် သံဃာများကို ဆွမ်းကပ် သည့်အတွက် အာဏာပိုင်တို့က အငြိုးထားပြီး သူ၏ အနုပညာ လုပ်ငန်းများနှင့် ပတ်သက်သမျှကို ပိတ်ပင်တားဆီးခြင်း ဖြစ်သည်ဟု ကျော်သူက ယူဆသည်။
ပြီးခဲ့သည့်နှစ်က မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံးက ကျင်းပသည့် မြန်မာ့ရုပ်ရှင် ၈၉ နှစ်ပြည့် အခမ်းအနားတွင် ချိတ်ဆွဲခဲ့သော အသံတိတ် ခေတ်မှ ဆေးရောင်စုံခေတ် အထိ ထင်ရှားသည့် သရုပ်ဆောင်တို့၏ ပုံများထဲတွင် ကျော်သူ၏ ဓာတ်ပုံ ပါဝင်ခြင်း မရှိပေ။
 
(မီဒီယာတွင် ကန့်သတ်ပိတ်ပင် ခံနေရသော သရုပ်ဆောင် ကျော်သူသည် ထင်ရှားသည့် လူမှုရေး အဖွဲ့ဖြစ်သည့် နာရေးကူညီမှု အသင်း၏ လုပ်ငန်းများကို ဦးဆောင် လုပ်ကိုင်လျက် ရှိသည်။ လွန်ခဲ့သည့် ၃ လက သူ၏ အသက် ၅၀ ပြည့် မွေးနေ့တွင် မိတ်ဆွေများကို နေအိမ်သို့ ဖိတ်ခေါ်ပြီး သူဖန်တီးထားသော ပန်းချီနှင့် ဓာတ်ပုံများ ပြသခဲ့သည်။)

ဧရာဝတီ



No comments:

Post a Comment