Pages

政治犯が監禁されてる限り 2010年の選挙は 信用できない

Friday, February 5, 2010

ဂျပန်က ဟစ်ပေါ့ ဘုန်းဘုန်း

ဂျပန်မှာ ဗုဒ္ဓဘာသာအခြေအနေမကောင်းဘူး။ ဒါကိုစိုးရိမ်တဲ့ ဦးဇင်း ဟက်ပီးက သူနည်းသူဟန်နဲ့  ဗုဒ္ဓဘာသာကို သစ်ဆန်းတယ်။ လူထုနဲ့ထိစပ်အောင်လုပ်တယ်။ လူထုခံစားချက် လူထု လက်တွေဘ၀ထဲကိုကွင်းဆင်တယ်။ ဒါကတော့ လူငယ်တွေနဲ့ ထိစပ်အောင် ဟစ်ပေါ့ကိုကိုယ်တိုင် သီဆိုလိုက်ခြင်းပဲဖြစ်တယ်။ လူတွေက အရက်ဘားတွေမှာခေါင်းနစ်ထားတာကိုသူမကြိုက်ဘူး။ ဒီတော့အရက်ဘားဖွင့်ပြီး အရက်ရောင်းတယ်။ အရက်ခွက်ကိုချပေးတိုင်း ငရဲကိုသွားမဲ့အရက် သောက်ပေတော့ လို့  ဆုံးမလိုက်တယ်။ နောက်ပြီးတော့ ရိုးရာဘုရားစာတွေကခက်တယ်လူငယ်တွေနားမလည်ဘူး။ ဒီတော့အလွယ်နည်းနဲ့သူကတရားဟောပါသတဲ့။ သူကြောင့်လူငယ်တွေ ဗုဒ္ဓဘာသာကို ပြန်လည်စိတ်ဝင်စားလာတယ်။ အဟံဘန်းဒေသိသရေန ဆိုတဲ့ပျင်းစရာကောင်းတဲ့ အသံနဲ့မစဘူး ။ အဟန်ဘန်းဒေကို ဟစ်ပေါနဲ့ စဖွင့်တယ်။ တီထွင်ရဲတယ်။ သူရဲ့ လူသားဆန်တဲ့ ချဉ်ကပ်မှုကြောင့် ဘုန်းကြီးကျောင်းကိုလူငယ်တွေစိတ်ဝင်စားလာတယ်။ ဂျပန်တွေရဲ့  ကောင်းတာတခုကတော့ ဒီဘုန်းတော်ကြီးရဲ့ တီထွင်မှုကိုမရှုတ်ချ ကြဘူး။ တခြားဘုန်းကြီးကျောင်းတွေကလည်း ဘယ်လိုလဲကိုယ်တော် တပည့်တော်တို့ ကိုပြစ်မထားနဲ့ နည်းပေးပါဦးလို့ အီးမေးလ်ကနေတောင်းခံလာတယ်ဆိုပဲ။ ဗုဒ္ဓသာသက်ရှိထင်ရှားရှိဦးမယ်ဆိုရင်တော့ ဒီကိုယ်တော်ကို
အသုံးချ ဗုဒ္ဓ ဘာသာ ( Apply Buddhisim ) ထုးချွန်မှုနဲ့  ဆုချမှာသေချာတယ်။

No comments:

Post a Comment