Pages

政治犯が監禁されてる限り 2010年の選挙は 信用できない

Wednesday, January 27, 2010

ဆင်မလိုက်ဈေးကို နိုင်ငံတကာ အဆင့်မီ ဈေးအဖြစ် တည် ဆောက်

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ် အတွင်းရှိ ဆင်မလိုက် ဈေးကို နိုင်ငံ တကာ အဆင့်မီ လူနေ တိုက်ခန်းများ ပါသည့် အဆင့်မြင့်ဈေး အဖြစ် ပြောင်းလဲ တည်ဆောက်ခြင်းကို ယခုလ အတွင်း စတင်မည် ဖြစ်ကြောင်း ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းက ပြောသည်။ အဆိုပါ အဆင့်မြင့် ဈေးကို ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက် အအုံဌာနမှ တာဝန်ယူ တည်ဆောက်သွား မည်ဖြစ်ပြီး ကြာမြင့် ချိန် ခြောက်လ သတ်မှတ်ထားသည်။

ယခင်က ကွမ်းခြံဈေးဟုခေါ်သည့် အဆိုပါဈေးတွင် လက်ရှိရောင်းချနေသူ များအနေဖြင့် ဆိုင်ခန်းငှားရမ်းခကို ထပ်မံပေးဆောင်ရန် လိုအပ်မည်မဟုတ် ကြောင်း ၎င်းက ပြောသည်။

ဈေးအား ယခုလ ဒုတိယပတ်အတွင်း စတင်ဖျက်သိမ်းမည်ဖြစ်ပြီး ဈေး ဆက်လက်ရောင်းချနိုင်ရန်အတွက် အဆိုပါဈေးအနီးတွင် ယာယီနေရာ များ သတ်မှတ်ပေးထားမည်ဖြစ်သည်။

ရှစ်ထပ်ပါဝင်မည့် အဆိုပါဈေးတွင် ပထမထပ်မှ ဒုတိယထပ်အထိ ဆိုင်များ နှင့် ၀န်ဆောင်မှုစင်တာများ ပါဝင်မည် ဖြစ်ပြီး ကျန် အထပ်များကို လူနေတိုက် ခန်းများအဖြစ် သတ်မှတ်သွားမည်ဖြစ် ကာ စုစုပေါင်း လူနေတိုက်ခန်း ၂၀ ပါဝင်မည်ဖြစ်သည်။

ထို့ပြင် ကား ၁၂၂ စီး ရပ်နားနိုင်မည့် ကားရပ်နားဝင်းတစ်ခုလည်း ပါဝင်မည် ဖြစ်သည်။

ဆင်မလိုက်ဈေးသည် ယခင်က ဈေးရုံခုနစ်ရုံ ပါဝင်ကာ မှတ်ပုံတင် ဆိုင်ခန်းပေါင်း ၄၅၆ ခန်းရှိပြီး သွပ်မိုးနှင့် ကွန်ကရစ်ကြမ်းခင်း အမျိုးအစား ဖြစ်သည်။

ယခုတည်ဆောက်မည့် ဈေးဝယ် စင်တာတွင် နဂိုမူလရှိသည့်အရေအတွက် အတိုင်းသာ တည်ဆောက်သွားမည် ဖြစ်ကြောင်း ဗိုလ်မှူးချုပ်အောင်သိန်းလင်း က ပြောသည်။
မျိုးမျိုး

No comments:

Post a Comment