Pages

政治犯が監禁されてる限り 2010年の選挙は 信用できない

Saturday, January 23, 2010

လူမျိုးခြားအချင်းချင်း ဘာသာခြားအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်းဆိုင်ရာ ဓါတ်ပုံနှစ်သိမ့်ဆု မြန်မာမှ ရရှိ။

ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြီးမှူး၍ အာရှ-ဥရောပ တွေ့ဆုံမှုအဖွဲ့(ASEM)၏ လူမျိုးခြားအချင်းချင်း ယှဉ်တွဲနေထိုင်ခြင်းဆိုင်ရာ ဓာတ်ပုံပြိုင်ပွဲတစ်ရပ် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံမှ ဓာတ်ပုံဆရာတစ်ဦး၏ ဓာတ်ပုံလက်ရာသည် နှစ်သိမ့်ဆုအဖြစ် ရွေးချယ်ချီးမြှင့်ခံရကြောင်း သိရှိရပါသည်။
La Minn Naing "Yes, We Believe in the Interfaith Dialogue" ခေါင်းစဉ်ဖြင့် ကမ္ဘာ့နိုင်ငံအနှံ့မှ ဓာတ်ပုံပညာရှင်များကို ဖိတ်ခေါ်ပြိုင်ပွဲဝင်စေခဲ့ရာ မြန်မာနိုင်ငံမှ ဓာတ်ပုံလမင်းနိုင် (People မဂ္ဂဇင်း) ၏ ဓာတ်ပုံလက်ရာသည် နှစ်သိမ့်ဆုအဖြစ် ရွေးချယ်ချီးမြှင့်ခံခဲ့ရခြင်း ဖြစ်ပါသည်။
ယင်းနှစ်သိမ့်ဆုရ ဓာတ်ပုံမှာ ဆူးလေးဘုရားနှင့် လမ်းတစ်ဖက်ရှိ ဗလီကို ယှဉ်တွဲရိုက်ပြထားသော ပုံဖြစ်ပါသည်။

လူမျိုးခြားအချင်းချင်း ဘာသာခြားအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်းဆိုင်ရာ ဓါတ်ပုံနှစ်သိမ့်ဆု မြန်မာမှ ရရှိခဲ့ခြင်း ဖြစ်ပါသည်။



နစ်နေမန်းမှ ရယူပါသည်။

No comments:

Post a Comment