Pages

政治犯が監禁されてる限り 2010年の選挙は 信用できない

Monday, January 4, 2010

အမှိုက်သုံးမျိုးခွဲခြားပစ်နိုင်ရန် သုံးပုံးတွဲအမှိုက်ပုံးများ ကျောင်းများသို့လှူသွားမည်


အလယ်တန်းနှင့်မူလတန်း ကျောင်းများအတွက် အမှိုက်ခွဲခြားစွန့် ပစ်သည့်အမှိုက်ပုံးသုံးပုံးတွဲလှူဒါန်းသွား မည်ဖြစ်ကြောင်း ပလတ်စတစ်လုပ် ငန်းရှင်အသင်းမှ သိရသည်။
အမှိုက်ခွဲခြားသည့်ပုံးများမှာ သံ သတ္တု၊ ပလတ်စတစ်နှင့် စက္ကူဟူ၍သုံး ပုံးခွဲခြားထားပြီး ယင်းကဲ့သို့ အမှိုက်ခွဲ ခြားစွန့်ပစ်သည့်စနစ်အား ကျောင်းနေ အရွယ်မှစ၍ အမူအကျင့်ကောင်းများ ဆက်လက်ထိန်းသိမ်းနိုင်ရန်အတွက် မူလတန်းနှင့် အလယ်တန်းများတွင် ပညာပေးအစီအစဉ်ဆွေးနွေးပွဲများလုပ် ဆောင်သွားရန်ရှိကြောင်းသိရသည်။
“ဒီလိုမျိုးအမှိုက်ပုံးတွေကို ထား ရှိတဲ့စနစ်က နိုင်ငံတကာမှာတော့ တွင် ကျယ်စွာ အသုံးပြုနေတာကြာပြီဖြစ်ပါ တယ်။ အခုဆိုရင် မြန်မာနိုင်ငံအနေနဲ့ လဲ စတင်အသုံးပြုတော့မှာဖြစ်ပါတယ်။ ကျောင်း ၁၀ကျောင်းလောက်မှစပြီး အမှိုက်ပုံးတွေလှူတာမျိုးတွေ၊ ဆွေးနွေး ပွဲလုပ်တာမျိုးတွေ ပြုလုပ်ပေးသွားဖို့ အစီအစဉ်တွေရှိနေပါတယ်။ မြို့တော် စည်ပင်ကလဲ အမှိုက်ခွဲခြားစွန့်ပစ်တဲ့ စနစ်ကို မကြာခင်လုပ်တော့မှာဆိုတော့ တစ်ဖက်တစ်လမ်းက ကူညီရာလဲ ရောက်ပါတယ်”ဟု မြန်မာနိုင်ငံ ပလတ် စတစ်လုပ်ငန်းရှင်အသင်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။
 Yangon  Medid Group

No comments:

Post a Comment