Tuesday, February 23, 2010
Saturday, February 20, 2010
ပုဂ္ဂိုလ်ရေး အချက်အလက် လုံခြုံမှု မရှိခြင်းအပေါ် Google တောင်းပန်
လူမှုကွန်ရက် Google Buzz အကြောင်းကို မိတ်ဆက်ပေးနေသော ဂူဂဲလ် တာဝန်ရှိသူများ (ဓာတ်ပုံ - Reuters)
ဂူဂဲလ် ကုမ္ပဏီက အသစ်တီထွင် လိုက်သည့် လူမှုရေးကွန်ရက် အင်တာနက် စာမျက်နှာ “Google Buzz” သည် အသုံးပြုသူများ၏ ပုဂ္ဂိုလ်ရေး အချက်အလက်များ လုံခြုံမှုမရှိခြင်းနှင့် ပတ်သက်၍ တောင်းပန်လိုက်သည်။Google Buzz ကို ဂျီမေးလ်မှ တဆင့် အသုံးပြုနိုင်ရန် စီစဉ်ထားပြီး ဂျီမေးလ်ဖြင့် မကြာခဏ ပြောဆို ဆက်သွယ်လေ့ ရှိသော လိပ်စာများကို Buzzက အလို အလျောက် အပြန်အလှန် ချိတ်ဆက် ပေးသည်။
ချိတ်ဆက် ထားသူများ ကြားတွင် တခြားဆက်သွယ် အသုံးပြုသူများ၏ မေးလ် လိပ်စာများကို ထပ်မံ မြင်တွေ့နိုင်ပြီး ဂျီမေးလ်တွင် ထည့်သွင်း ရေးသား ထားသည့် အသုံးပြုသူ၏ ကိုယ်ရေး မှတ်တမ်းများ (Google Profile) ကို တွေ့မြင်နိုင်မည် ဖြစ်သည်။
ဂျီမေးလ်နှင့် Buzz ထုတ်လုပ်ရေး မန်နေဂျာ Todd Jackon က “ကျနော် တို့ကြောင့် ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေ အတွက် အလွန် စိတ်မကောင်း ဖြစ်မိပါတယ်၊ အသုံးပြုသူ တွေရဲ့ အကြံပြုချက် တွေကို အခြေခံပြီး ပိုကောင်းအောင် ကြိုးစား ဆောင်ရွက် နေပါတယ်၊ အကောင်းဆုံး အနေအထား မဟုတ်သေးဘူး ဆိုတာလည်း သဘော ပေါက်သွား ပါတယ်”ဟု ဆိုသည်။
ယခု ဖေဖော်ဝါရီလတွင် ဂူဂဲလ်က အသစ်ဖန်တီးလိုက်သည့် Google Buzz အား အသုံးပြုရန် ဂျီမေးလ် အသုံးပြုသူများကို စတင် ဖိတ်ခေါ်ခဲ့ပြီးနောက် အသုံးပြုသူများ၏ ပုဂ္ဂိုလ်ရေး မလုံခြုံမှုများရှိနေသည်ဟူသော ဝေဖန်ချက်များ ထွက်ပေါ်လာခဲ့သည်။
ဂူဂဲလ်က Google Buzzအသုံးပြုသူများ၏ မှတ်ချက် (Comment)၊ အခြား ဆက်သွယ်သော သူများကို မှတ်တမ်း တင်ထားမည့် အပြင် ဖုန်းဖြင့် Buzz ကို အသုံးပြုပါက အသုံးပြုသူ၏ ကိုယ်ရေး မှတ်တမ်း၊ ဓာတ်ပုံနှင့် တည်နေရာကို မှတ်သား ထားမည် ဖြစ်ကြောင်း Buzz ၏ မူဝါဒတွင် ရေးသားထားသည်။
နည်းပညာကို စိတ်ဝင် တစား လေ့လာနေသူ တဦးက “Buzz မှာ ကိုယ်နဲ့ ဆက်သွယ်နေတဲ့ လိပ်စာတွေ အားလုံးကို အခြား ချိတ်ဆက် ထားသူက မြင်နေရတာက ပြဿနာပါ၊ ဒါပေမယ့် Buzz အတွက် အနာဂတ်က ပိုကောင်းဖို့ ရှိတယ်လို့ ကျနော် ထင်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
Google Buzzကို အသုံးမပြုလိုပါက ဂျီမေးလ် Setting တွင် Buzz ဟူသော ခေါင်းစဉ်ကို နှိပ်၍ Disable Google Buzz ကို ရွေးချယ်၍ လည်းကောင်း (သို့) ဂျီမေးလ် စာမျက်နှာ အောက်ဆုံးရှိ “Turn off Buzz”ကို နှိပ်၍သော် လည်းကောင်း ပြင်ဆင်၍ ရနိုင်မည် ဖြစ်သည်။
၂၀၀၉ ခုနှစ်မှ စတင်၍ လူမှုရေးကွန်ရက် စာမျက်နှာများသည် အရှိန်အဟုန်ဖြင့် အင်တာနက် အသုံးပြုသူများ အကြား ရေပန်းစား လာပြီး ယခုအခါ ကမ္ဘာတ၀န်းလုံး၌ Facebook အသုံးပြုသူ သန်း ၄၀၀၊ ဂျီမေးလ် အသုံးပြုသူ ၁၇၆ သန်း ရှိကြောင်း သိရသည်။
ပေးပို့သူအားလုံးကိုကျေးဇူးတင်ပါသည်။
Friday, February 19, 2010
ထွက်ပေါက်
အဘရဲ့အမွေ၊ အဖရဲ့အမွေ။
အဘ (ဘဘဦးသုခ) . . . ။
(၇) ရက်သားသမီး ဆင်းရဲချမ်းသာ လူမျိုးမရွေး၊ ဘာသာမရွေး၊ ပြည်သူလူထုတို့ရဲ့ နာရေးကိစ္စအဝဝကို အဆင်ပြောချောမွတ်စွာနှင့် သင်္ဂြိုလ်ပေးနိုင်အောင် နာရေးကူညီမှုအသင်း (ရန်ကုန်) ကို ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ . . . “အဘ”။
အဖ (ဗိုလ်ချုပ်အောင်ဆန်း) . . . ။
အဖ တိုက်ပွဲဝင်ခဲ့တဲ့ . . . အမွေ။
အဖ ဦးဆောင်ခဲ့တဲ့ . . . အမွေ။
မြန်မာပြည်သူလူထုကို ကိုယ့်တိုင်း၊ ကိုယ့်ပြည်၊ ကိုယ့်လူမျိုးအတွက် လွတ်လပ်ရေးရရှိအောင် တိုက်ပွဲဝင်ခဲ့တဲ့ . . . “အဖေ”။
“အဘ”ရဲ့ အမွေကို အထိခိုက်အပွန်းပဲ့မခဲ့ဘဲ ဆက်လက်တိုးပွားအောင် နာရေးကူညီမှုအသင်း (ရန်ကုန်) လူမှုရေးလုပ်ငန်းစဉ်မှ တစ်ဆင့်တက်၍ “သုခကုသိုလ်ဖြစ်ဆေးခန်း” ဟူ၍ အခမဲ့ကုသိုလ်ဖြစ်ဆေးကုသပေြး ခင်းလုပ်ငန်းကို ကျွန်တော်တို့ရှိသမျှ အင်အား၊ အလှူရှင်တို့ရဲ့သဒ္ဓါတရားနှ င့် ရဲရဲရင့်ရင့်ဖွင့်လှစ်ပြီြး ဖစ်သလို ယခု “သုခအလင်း” ဟူလေသော စာကြည့်တိုက်ကိုပါ ထပ်မံတိုးချဲ့ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါသည်။
“သုခအလင်း” . . . ဟုဆိုရာ၌ လူမှုရေးလုပ်ငန်းများလုပ်စဉ် လူမှုရေးသမားများ၏စိတ်ဓာတ်၊ ခံယူချက်၊ ရည်မှန်းချက်များထိမိအောင် ပြည်သူလူထုအတွက် အကျိုးတိုးပွားအောင်၊ အနာဂတ်ရဲ့ အားကိုးအားထားရာ၊ အနာဂါတ်ရဲ့ သူရဲကောင်းများဖြစ်ရန်၊ အနာဂါတ်မြန်မာပြည်ကြီးရဲ့ ဦးဆောင်မှုပေးနိုင်သော လူငယ်မျိုးဆက်သစ်များ ပေါက်ဖွားစေရန် ရည်သန်လျက် ဤ “သုခအလင်း” စာကြည့်တိုက်ကို ဖွင့်လှစ်ပေးခြင်းဖြစ်သည်။
တစ်နည်းအားဖြင့် ငြိမ်းချမ်းသောအလင်းတန်းကို ဖွင့်လှစ်ပေးမည့်၊ ပျိုးထောင်ပေးမည့် လမ်းပြကြည်ဟု ဆိုချင်ပါသည်။
ဒီလို “အဘ (ဘဘဦးသုခ) ရဲ့အမွေ” ကို တိုးပွားအောင် ထမ်းဆောင်ထိန်းသိမ်းရာ၌ အနှောက်အယှက်၊ အတိုက်အခိုက်၊ အဖျက်အဆီးများ . . . များစွာကြုံတွေ့ခဲ့ရသည်။ ဤတွင် “အဖ (ဗိုလ်ချုပ်အောင်ဆန်း) ရဲ့အမွေ” “အဖဗိုလ်ချုပ်အောင်ဆန်း) ရဲ့သြဝါဒ” “အဖ (ဗိုလ်ချုပ်အောင်ဆန်း) ရဲ့ဆိုဆုံးမမှု” တို့ကို မိမိတို့လက်ကိုင်တုတ်အဖြစ် အသုံးပြုရတော့မည်။
ဤတွင် ကျွန်တော်၏စိတ်ထဲတွင် “ဖျက်ကနဲ” ပေါ်လာသည်။ ကျွန်တော်၏ ဆရာတစ်ဦးဖြစ်သော ကမ္ဘာမြေပြင်ပေါ်မှ ထွက်ခွာသွားပြီဖြစ်သော ဘဘဆရာကြီးမင်းသိင်္ခပင်ဖြစ်သည်။ ဆရာကြီး မင်းသိင်္ခ၏ ပုဏ္ဏားဘကွန်းကို သူ၏ဆရာဖြစ်သော ဖိုးသူတော်ကြီးက လူ့ဘဝကိုရင်ဆိုင်ဖို့၊ သူဌေးဖြစ်ဖို့ ပေးလိုက်သည့် ပစ္စည်းများပင် ဖြစ်တော့သည်။
နံပါတ် (၁) မီးအိမ်
နံပါတ် (၂) လွယ်အိတ်
နံပါတ် (၃) ဝါးရင်းတုတ် . . . တို့ဖြစ်သည်။
နံပါတ် (၁) မီးအိမ် ။ ။ မီးအိမ်သည်ကား ဘဝခရီးလမ်းကို လျှောက်ရာ၌ အမှောင်ထုကို ဖြိုခွင်းသွားဖို့၊ ငြိမ်းချမ်းသောပန်းတိုင်ကို
ရောက်ဖို့အလင်းတန်းများပေးမ ည့် . . . မိမိတို့ရိုးမြေကျသည်အထိ လက်ကိုင်ထားရမည့်အရာ ဖြစ်သည်။
နံပါတ် (၂) လွယ်အိတ်။ ။ လွယ်အိတ်သည်ကား မိမိလျှောက်ရာဘဝလမ်းခရီး၌ မိမိအတွက် အကျိုးရှိမည့် ဆောင်ပုဒ်များ၊ ခံယူချက်များ၊ ဒဿနများ၊ ကုသိုလ်အထုပ်များ စုဆောင်းသိမ်းဆည်းရမည့် အရာဖြစ်သည်။
နံပါတ် (၃) ဝါးရင်းတုတ်။ ။ ဝါးရင်းတုတ်သည်ကား မိမိလျှောက်ရာလမ်းခရီး၌ နှောက်ယှက်သူ၊ ဖျက်ဆီးသူ၊ ဟန့်တားမှုများ၊ တားမြစ်ပိတ်ပင်မှုများကို ရှင်းလင်းသုတ်သင်ရာတွင် သုံးရမည့်အရာ ဖြစ်သည်။
ထို့ကြောင့် ကျွန်တော်တို့၏ခံယူချက် (အများပြည်သူလူထုအတွက်)နှင့်  လျှောက်လှမ်းနေသော ကုသိုလ်ရေး၊ ငြိမ်းချမ်းရေးလမ်းခရီး၌ မိမိတို့ရရှိသမျှ ကုသိုလ်ရေးအထုပ်ပစ္စည်းများကို လွယ်အိတ်ထဲထည့်၊ ဘဝရဲ့အလင်း၊ ဘာသာရေးရဲ့အလင်း၊ ငြိမ်းချမ်းမှုအလင်း၊ လူမှုရေးအလင်း ဖန်မီးအိမ်ကိုကိုင်ခါ လမ်းခရီး၌ တားမြစ်ပိတ်ပင် အယူသည်းမှုများကို မိမိတို့၏ လက်ကိုင်ဝါးရင်းတုတ်နှင့် ဖယ်ရှားသွားရမည်ဖြစ်တော့သည် ။
ထို့ကြောင့် “ပုဏ္ဏားဘကွန်းလမ်းစဉ်”ကို ကျင့်သုံးရမည်ဖြစ်တော့သည်။
ဤသို့ ကျွန်တော်တို့ရဲ့လူမှုရေးလမ်းတစ်လျှောက် ငြိမ်းချမ်းရေးပန်းတိုင်သို့  သွားရာလမ်းခရီးတွင် အမှောင်ရှိလျှင် အလင်းပြ၊ ကုသိုလ်အထုပ်များကို သိမ်းဆည်းသကဲ့သို့ အယူသည်းမှု၊ နှောက်ယှက်မှုများကို ရှင်းလင်း၍ သွားသော်လည်း မိစ္ဆာဒိဋ္ဌိရန်စွယ်ကား မသေးလှချေ။ ဆုတ်ကပ်ခေတ်ကြီးရောက်နေပြီ မဟုတ်ပါလား။
ရှင်းလင်း၍ မကုန်နိုင်။
သုတ်သင်၍ မကုန်နိုင်။
ဖယ်ရှား၍ မကုန်နိုင်။
ရန်သူအင်အားသည် များလာပြီ၊ အယူသည်းမှုများ တိုးပွားလာပြီ၊ ပိတ်ပင်တားဆီးမှုများ များလာပြီဖြစ်ပါက . . . ။
ကျွန်တော်၏ ခံယူချက် . . . အဓိဋ္ဌာန်ကိုတော့ မည်သို့မျှ မဖျက်။
အများမိုးခါးရေသောက်ပေမဲ့ ကျွန်တော်မသောက်နိုင်။
ကျွန်တော် . . . ကြံ့ကြံ့ခံမည်။
ခံယူချက်၊ ကျင့်ကြံမှု၊ ရည်မှန်းချက်များ လုံးဝအပွန်းအပဲ့မခံ။
အဆုံးစွန်ဆုံး ကျွန်တော်ပြောတော့မည်။
တစ်ယောက်နဲ့အများ
တစ်ယောက်အားနဲ့ အများအား . . . ။
အင်အားခြင်းမမျှဖြစ်လာခဲ့သော် . . . ။
တိုက်ပွဲတစ်ပွဲတွင် ရန်သူအင်အားအလုံးအရင်းနှင့် မိမိဖက်မှ အင်အားနည်းသွားပါခြင်း၊ သစ္စာအဖောက်ခံရခြင်း . . . စသည်တို့ကြောင့် မိမိတစ်ဦးတည်း ကျန်ရစ်ခဲ့သော် သင်တို့ကောမည်သို့ လုပ်မည်နည်း၊ မည်သို့ဆုံးဖြတ်မည်နည်း၊ ကျွန်တော်ကတော့ အသေခံ၍ တိုက်မည်။
ရန်သူ၏အဖမ်းကို မခံနိုင်။
ရန်သူ၏စည်းရုံးမှုကို မခံနိုင်။
ရန်သူ၏ သိမ်းသွင်းမှုကို မခံနိုင်။
နောက်ဆုံး . . . မိမိတွင် ကျန်ရစ်သော ကျည်တစ်ထောင့်၊ ဗုံးတစ်လုံး . . . ဓားတစ်ချောင်းဖြင့် . . ။
ဟုတ်ပါသည်။
ပုဏ္ဏားဘကွန်းကို သူ၏ဆရာ ဖိုးသူတော်ကြီးပေးလိုက်သည့် ပစ္စည်များတွင် နောက်ဆုံးနံပါတ် (၄) ပစ္စည်းတစ်ခုရှိပါသေးသည်။
ယင်းပစ္စည်းသည် . . . “မင်းလိုချင်တဲ့ ပန်းတိုင်ကို . . . ရက် . . . လ . . . နှစ် - နောက်ဆုံးထားပြီးသွား”။
“အေး . . . အဲဒီ့နေ့ရက်ရောက်လို့မှ မင်းလိုချင်တဲ့ပန်းတိုင်၊ မင်းသွားချင်တဲ့ နေရာ၊ မင်းရောက်ချင်တဲ့ ဌာနကိုမှ မရောက်ခဲ့ရင် မင်းအဲဒီ့အဆိပ်ပုလင်းကိုသာ သောက်ချလိုက်တော့” ဟုဆိုကာ ဘကွန်း၏ လည်ပင်းတွင် ကြိုးနှင့်အဆိပ်ပုလင်းကို ချိတ်၍ ဆွဲပေးခဲ့သည်။
ဟုတ်သည် . . . ကျွန်တော့်တွင် နောက်ဆုံးလက်နက်ရှိသည်။
ကျွန်တော့်ရဲ့ အဓိဌာန်
ကျွန်တော့်ရဲ့ ရည်မှန်းချက်
ကျွန်တော့်ရဲ့ ခံယူချက်
ကျွန်တော့်ရဲ့ သစ္စာတရားတို့ကိုတော့ လုံးဝအထိအခိုက် အပွန်းအပဲ့မခံနိုင်တော့။ ကျွန်တော့် ကိုယ်လွတ်ရုန်းခြင်းမဟုတ်။ အဖန်ငါးရာ ငါးကမ္ဘာကိုလည်း မကြောက်တော့။ အဓိဌာန်ကိုတော့ မဖျက်နိုင်တော့ချေ။
သတ်ကွင်းရှိလျှင် ထွက်ပေါက်ရှိရမည်။
ဒါကြောင့် . . ရန်သူ၏သတ်ကွင်းထဲသို့ ရောက်ခဲ့လျှင် ထွက်ပေါက်ကို ရှာရမည် မဟုတ်ပါလား . .။
ယင်းထွက်ပေါက်သည် . . . ?
ကျော်သူ
ကိုမျိုးချစ်မြန်မာထံမှရယူပါသည်။
အဘ (ဘဘဦးသုခ) . . . ။
(၇) ရက်သားသမီး ဆင်းရဲချမ်းသာ လူမျိုးမရွေး၊ ဘာသာမရွေး၊ ပြည်သူလူထုတို့ရဲ့ နာရေးကိစ္စအဝဝကို အဆင်ပြောချောမွတ်စွာနှင့် သင်္ဂြိုလ်ပေးနိုင်အောင် နာရေးကူညီမှုအသင်း (ရန်ကုန်) ကို ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ . . . “အဘ”။
အဖ (ဗိုလ်ချုပ်အောင်ဆန်း) . . . ။
အဖ တိုက်ပွဲဝင်ခဲ့တဲ့ . . . အမွေ။
အဖ ဦးဆောင်ခဲ့တဲ့ . . . အမွေ။
မြန်မာပြည်သူလူထုကို ကိုယ့်တိုင်း၊ ကိုယ့်ပြည်၊ ကိုယ့်လူမျိုးအတွက် လွတ်လပ်ရေးရရှိအောင် တိုက်ပွဲဝင်ခဲ့တဲ့ . . . “အဖေ”။
“အဘ”ရဲ့ အမွေကို အထိခိုက်အပွန်းပဲ့မခဲ့ဘဲ ဆက်လက်တိုးပွားအောင် နာရေးကူညီမှုအသင်း (ရန်ကုန်) လူမှုရေးလုပ်ငန်းစဉ်မှ တစ်ဆင့်တက်၍ “သုခကုသိုလ်ဖြစ်ဆေးခန်း” ဟူ၍ အခမဲ့ကုသိုလ်ဖြစ်ဆေးကုသပေြး ခင်းလုပ်ငန်းကို ကျွန်တော်တို့ရှိသမျှ အင်အား၊ အလှူရှင်တို့ရဲ့သဒ္ဓါတရားနှ င့် ရဲရဲရင့်ရင့်ဖွင့်လှစ်ပြီြး ဖစ်သလို ယခု “သုခအလင်း” ဟူလေသော စာကြည့်တိုက်ကိုပါ ထပ်မံတိုးချဲ့ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါသည်။
“သုခအလင်း” . . . ဟုဆိုရာ၌ လူမှုရေးလုပ်ငန်းများလုပ်စဉ် လူမှုရေးသမားများ၏စိတ်ဓာတ်၊ ခံယူချက်၊ ရည်မှန်းချက်များထိမိအောင် ပြည်သူလူထုအတွက် အကျိုးတိုးပွားအောင်၊ အနာဂတ်ရဲ့ အားကိုးအားထားရာ၊ အနာဂါတ်ရဲ့ သူရဲကောင်းများဖြစ်ရန်၊ အနာဂါတ်မြန်မာပြည်ကြီးရဲ့ ဦးဆောင်မှုပေးနိုင်သော လူငယ်မျိုးဆက်သစ်များ ပေါက်ဖွားစေရန် ရည်သန်လျက် ဤ “သုခအလင်း” စာကြည့်တိုက်ကို ဖွင့်လှစ်ပေးခြင်းဖြစ်သည်။
တစ်နည်းအားဖြင့် ငြိမ်းချမ်းသောအလင်းတန်းကို ဖွင့်လှစ်ပေးမည့်၊ ပျိုးထောင်ပေးမည့် လမ်းပြကြည်ဟု ဆိုချင်ပါသည်။
ဒီလို “အဘ (ဘဘဦးသုခ) ရဲ့အမွေ” ကို တိုးပွားအောင် ထမ်းဆောင်ထိန်းသိမ်းရာ၌ အနှောက်အယှက်၊ အတိုက်အခိုက်၊ အဖျက်အဆီးများ . . . များစွာကြုံတွေ့ခဲ့ရသည်။ ဤတွင် “အဖ (ဗိုလ်ချုပ်အောင်ဆန်း) ရဲ့အမွေ” “အဖဗိုလ်ချုပ်အောင်ဆန်း) ရဲ့သြဝါဒ” “အဖ (ဗိုလ်ချုပ်အောင်ဆန်း) ရဲ့ဆိုဆုံးမမှု” တို့ကို မိမိတို့လက်ကိုင်တုတ်အဖြစ် အသုံးပြုရတော့မည်။
ဤတွင် ကျွန်တော်၏စိတ်ထဲတွင် “ဖျက်ကနဲ” ပေါ်လာသည်။ ကျွန်တော်၏ ဆရာတစ်ဦးဖြစ်သော ကမ္ဘာမြေပြင်ပေါ်မှ ထွက်ခွာသွားပြီဖြစ်သော ဘဘဆရာကြီးမင်းသိင်္ခပင်ဖြစ်သည်။ ဆရာကြီး မင်းသိင်္ခ၏ ပုဏ္ဏားဘကွန်းကို သူ၏ဆရာဖြစ်သော ဖိုးသူတော်ကြီးက လူ့ဘဝကိုရင်ဆိုင်ဖို့၊ သူဌေးဖြစ်ဖို့ ပေးလိုက်သည့် ပစ္စည်းများပင် ဖြစ်တော့သည်။
နံပါတ် (၁) မီးအိမ်
နံပါတ် (၂) လွယ်အိတ်
နံပါတ် (၃) ဝါးရင်းတုတ် . . . တို့ဖြစ်သည်။
နံပါတ် (၁) မီးအိမ် ။ ။ မီးအိမ်သည်ကား ဘဝခရီးလမ်းကို လျှောက်ရာ၌ အမှောင်ထုကို ဖြိုခွင်းသွားဖို့၊ ငြိမ်းချမ်းသောပန်းတိုင်ကို
နံပါတ် (၂) လွယ်အိတ်။ ။ လွယ်အိတ်သည်ကား မိမိလျှောက်ရာဘဝလမ်းခရီး၌ မိမိအတွက် အကျိုးရှိမည့် ဆောင်ပုဒ်များ၊ ခံယူချက်များ၊ ဒဿနများ၊ ကုသိုလ်အထုပ်များ စုဆောင်းသိမ်းဆည်းရမည့် အရာဖြစ်သည်။
နံပါတ် (၃) ဝါးရင်းတုတ်။ ။ ဝါးရင်းတုတ်သည်ကား မိမိလျှောက်ရာလမ်းခရီး၌ နှောက်ယှက်သူ၊ ဖျက်ဆီးသူ၊ ဟန့်တားမှုများ၊ တားမြစ်ပိတ်ပင်မှုများကို ရှင်းလင်းသုတ်သင်ရာတွင် သုံးရမည့်အရာ ဖြစ်သည်။
ထို့ကြောင့် ကျွန်တော်တို့၏ခံယူချက် (အများပြည်သူလူထုအတွက်)နှင်
ထို့ကြောင့် “ပုဏ္ဏားဘကွန်းလမ်းစဉ်”ကို ကျင့်သုံးရမည်ဖြစ်တော့သည်။
ဤသို့ ကျွန်တော်တို့ရဲ့လူမှုရေးလမ်
ရှင်းလင်း၍ မကုန်နိုင်။
သုတ်သင်၍ မကုန်နိုင်။
ဖယ်ရှား၍ မကုန်နိုင်။
ရန်သူအင်အားသည် များလာပြီ၊ အယူသည်းမှုများ တိုးပွားလာပြီ၊ ပိတ်ပင်တားဆီးမှုများ များလာပြီဖြစ်ပါက . . . ။
ကျွန်တော်၏ ခံယူချက် . . . အဓိဋ္ဌာန်ကိုတော့ မည်သို့မျှ မဖျက်။
အများမိုးခါးရေသောက်ပေမဲ့ ကျွန်တော်မသောက်နိုင်။
ကျွန်တော် . . . ကြံ့ကြံ့ခံမည်။
ခံယူချက်၊ ကျင့်ကြံမှု၊ ရည်မှန်းချက်များ လုံးဝအပွန်းအပဲ့မခံ။
အဆုံးစွန်ဆုံး ကျွန်တော်ပြောတော့မည်။
တစ်ယောက်နဲ့အများ
တစ်ယောက်အားနဲ့ အများအား . . . ။
အင်အားခြင်းမမျှဖြစ်လာခဲ့သေ
တိုက်ပွဲတစ်ပွဲတွင် ရန်သူအင်အားအလုံးအရင်းနှင့်
ရန်သူ၏အဖမ်းကို မခံနိုင်။
ရန်သူ၏စည်းရုံးမှုကို မခံနိုင်။
ရန်သူ၏ သိမ်းသွင်းမှုကို မခံနိုင်။
နောက်ဆုံး . . . မိမိတွင် ကျန်ရစ်သော ကျည်တစ်ထောင့်၊ ဗုံးတစ်လုံး . . . ဓားတစ်ချောင်းဖြင့် . . ။
ဟုတ်ပါသည်။
ပုဏ္ဏားဘကွန်းကို သူ၏ဆရာ ဖိုးသူတော်ကြီးပေးလိုက်သည့်
ယင်းပစ္စည်းသည် . . . “မင်းလိုချင်တဲ့ ပန်းတိုင်ကို . . . ရက် . . . လ . . . နှစ် - နောက်ဆုံးထားပြီးသွား”။
“အေး . . . အဲဒီ့နေ့ရက်ရောက်လို့မှ မင်းလိုချင်တဲ့ပန်းတိုင်၊ မင်းသွားချင်တဲ့ နေရာ၊ မင်းရောက်ချင်တဲ့ ဌာနကိုမှ မရောက်ခဲ့ရင် မင်းအဲဒီ့အဆိပ်ပုလင်းကိုသာ သောက်ချလိုက်တော့” ဟုဆိုကာ ဘကွန်း၏ လည်ပင်းတွင် ကြိုးနှင့်အဆိပ်ပုလင်းကို ချိတ်၍ ဆွဲပေးခဲ့သည်။
ဟုတ်သည် . . . ကျွန်တော့်တွင် နောက်ဆုံးလက်နက်ရှိသည်။
ကျွန်တော့်ရဲ့ အဓိဌာန်
ကျွန်တော့်ရဲ့ ရည်မှန်းချက်
ကျွန်တော့်ရဲ့ ခံယူချက်
ကျွန်တော့်ရဲ့ သစ္စာတရားတို့ကိုတော့ လုံးဝအထိအခိုက် အပွန်းအပဲ့မခံနိုင်တော့။ ကျွန်တော့် ကိုယ်လွတ်ရုန်းခြင်းမဟုတ်။ အဖန်ငါးရာ ငါးကမ္ဘာကိုလည်း မကြောက်တော့။ အဓိဌာန်ကိုတော့ မဖျက်နိုင်တော့ချေ။
သတ်ကွင်းရှိလျှင် ထွက်ပေါက်ရှိရမည်။
ဒါကြောင့် . . ရန်သူ၏သတ်ကွင်းထဲသို့ ရောက်ခဲ့လျှင် ထွက်ပေါက်ကို ရှာရမည် မဟုတ်ပါလား . .။
ယင်းထွက်ပေါက်သည် . . . ?
ကျော်သူ
__________________________ _____________________
အမေလက်ဆင့်ကန်းပြောထားတာ . . .
“စိတ်မပျက်နဲ့၊ စိတ်ဓာတ်မကျနဲ့” တဲ့။
“ကျွန်တော် စိတ်မပျက်ပါဘူး၊ စိတ်ဓာတ်မကျပါဘူး အမေ
စိတ်နာနာနဲ့ ဖိလုပ်နေတာပါ”။
ဒါကြောင့် . . . စိတ်နာနာနဲ့ ချရေးမိတာပါ ခင်ဗျာ။

__________________________
သား (ကျော်သူ)
Wednesday, February 17, 2010
Tuesday, February 16, 2010
Computer စိတ်ဝင်စားသူများအတွက်
AIO Wifi Hack 2010 လေးပါခင်ဗျား။ မြန်မာ ပြည်က သူတွေအတွက် အကျိုး ရှိမယ်ထင်လို့ ကျွန်တော် တင်ပေးလိုက်ပါတယ်။ တော်တော့ ကို ကောင်းပြီး လူတိုင်း လေ့လာ ဖို့ တိုက်တွန်းပါတယ်။ ပြီးတော့ သူရေးသားထား တာက လဲ နားလည်လွယ်ပြီး ရှင်းလင်းပါတယ်။ အောက်မှာ သူ့ရဲ့ Tutorials လေးတွေကို ဥပမပြထားပါတယ်ခင်ဗျား။
* Windows Tools 1
* Windows Tools 2
* Backtrack
* Pdf's Tutorials
* Bonus Software
အပေါ်မှာ ကျွန်တော် ပေးထားတဲ့ Software လေးတွေက မကပါဘူးခင်ဗျား။ ကျန်ပါသေးတယ်။ AIO Wifi Hack 2010 ကိုလိုချင်ရင်တော့အောက်မှာပေးထားတဲ့ Link ကနေတဆင့်သွားပြီး Download လုပ်လိုက်ကြပါ။ အားလုံး ကို ကျွန်တော် တက်နိုင်သလောက် Free ပေးနေပါတယ်။
Download AIO Wifi Hack 2010
Password: www.mgkyawswarnyein.net
မောင်ကျာ်စွာငြိမ်း http://www.mgkyawswarnyein.net/

Subscribe to:
Posts (Atom)