အိန္ဒြာကျော်ဇင် နှင့် အောင်သူရ။ ၎င်းတို့နှစ်ဦး သရုပ်ဆောင်ထားသည့် အတိတ်၏အရိပ် အမည်ရှိ ရုပ်ရှင်ကားကို ဆွစ်ဇာလန်နိုင်ငံတွင် ရိုက်ကူးပြီးစီးခဲ့ပြီ ဖြစ်သောကြောင့် လကုန်ပိုင်းတွင် ရုံတင်တော့မည်ဟု တနင်္လာနေ့ထုတ် အလင်းတန်းဂျာနယ်တွင် ရေးထားသည်။ သရုပ်ဆောင် အောင်သူရသည် ထိုနိုင်ငံရှိ ဘဏ်လုပ်ငန်းတခုတွင် လုပ်ကိုင်နေသူဖြစ်သည်ဟု ဆိုသည်။Sunday, January 3, 2010
ဆွစ်ဇာလန်တွင် အိန္ဒြာကျော်ဇင် ရိုက်ကူးခဲ့သည့်ရုပ်ရှင် လကုန်ပိုင်းတွင် ပြမည်
အိန္ဒြာကျော်ဇင် နှင့် အောင်သူရ။ ၎င်းတို့နှစ်ဦး သရုပ်ဆောင်ထားသည့် အတိတ်၏အရိပ် အမည်ရှိ ရုပ်ရှင်ကားကို ဆွစ်ဇာလန်နိုင်ငံတွင် ရိုက်ကူးပြီးစီးခဲ့ပြီ ဖြစ်သောကြောင့် လကုန်ပိုင်းတွင် ရုံတင်တော့မည်ဟု တနင်္လာနေ့ထုတ် အလင်းတန်းဂျာနယ်တွင် ရေးထားသည်။ သရုပ်ဆောင် အောင်သူရသည် ထိုနိုင်ငံရှိ ဘဏ်လုပ်ငန်းတခုတွင် လုပ်ကိုင်နေသူဖြစ်သည်ဟု ဆိုသည်။Friday, January 1, 2010
၂၀၀၉ ခုနှစ်ကို ကမ္ဘာတ၀န်း နှုတ်ဆက်ကြရင်း ၂၀၁၀ နှစ်သစ်ကို ကြိုဆို
| 01 January 2010 | |
| သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ ဟာဘာတံတားကြီးတွင် မီးရှူးမီးပန်းများ ပစ်ဖောက်ပြီး ၂၀၁၀ နှစ်သစ်ကို ကြိုဆိုနေစဉ်။ ဇန်န၀ါရီ ၁၊ ၂၀၁၀။ |
ဟောင်ကောင် ၀ိတိုရိယ ဆိပ်ကမ်းမှာလည်း မီးရှူးမီးပန်းတွေနဲ့ နှစ်သစ်ကို ကြိုဆိုခဲ့ကြပါတယ်။ တရုတ်နိုင်ငံမှာတော့ ရိုးရာအစဉ်အလာအရ ၂၀၁၀ ဖေဖော်ဝါရီလမှာ တရုတ်နှစ်သစ်ကူး ဖြစ်ပေမဲ့ တရုတ်သမ္မတ ဟူဂျင်တောင်း (Hu Jintao) က ဒီနှစ်သစ်ကူးညမှာ ၂၀၀၉ ခုနှစ် တနှစ်လုံး တရုတ်နိုင်ငံရဲ့ အောင်မြင်မှုတွေကို ထင်ဟပ်စေတဲ့ မိန့်ခွန်းကို လူထုကို ရုပ်မြင်သံကြားကနေ ပြောဆိုခဲ့ပါတယ်။
ရုရှားနိုင်ငံ မော်စကိုမြို့ ကရင်မလင် (Kremlin) ရင်ပြင်နီမှာလည်း မီးရှူးမီးပန်းတွေနဲ့ ခိုက်ခိုက်တုန်အောင် အေးနေတဲ့ကြားက နှစ်သစ်ကူးကို ခြိမ့်ခြိမ့်သဲ ဆင်နွှဲခဲ့ကြပါတယ်။
စစ်ပွဲတွေ၊ အကြမ်းဖက်မှုတွေ၊ သဘာဝ ဘေးအန္တရာယ်တွေ၊ စီးပွားရေး အကျပ်အတည်းတွေနဲ့ ၂၀၀၉ ခုနှစ် ဖြတ်သန်းခဲ့ရပြီး ၂၀၁၀ မှာ စီးပွားရေး အခြေအနေ တိုးတက်လာလိမ့်မယ်လို့ အများက မျှော်လင့်နေကြပါတယ်။
အမေရိကန်ပြည်ထောင်စု နယူးယောက်ခ်မြို့ကြီးရဲ့ Time Square ရင်ပြင်မှာလည်း မီးရောင်စုံအလှ ထွန်းညှိထားတဲ့ ဘောလုံးကြီးကို ညသန်းခေါင်ယံအချိန် ကိုက်ပြီးတော့ လျှောချဖို့အတွက် စိုင်းပြင်းနေကြပါတယ်။
VOA NEWS
Thursday, December 31, 2009
Subscribe to:
Posts (Atom)