Pages

政治犯が監禁されてる限り 2010年の選挙は 信用できない

Friday, February 5, 2010

“လမ်းထဲကို နာရေးပို့ ဆောင်ယာဉ်များ မဖြတ်ရတဲ့။ ဒဏ်ငွေ တစ်သောင်းတဲ့”။

 
“လမ်းထဲကို နာရေးပို့ ဆောင်ယာဉ်များ မဖြတ်ရတဲ့။ ဒဏ်ငွေ တစ်သောင်းတဲ့”။
လမ်းမအ၀င်မှာ ဆိုင်းဘုတ်စိုက်ထားကြတဲ့သူများကို အံ့သြမိပါရဲ့ ဗျာ။ ဒဏ်ငွေရိုက်မယ့်သူများလည်း အံ့သြမိပါရဲ့ ။
မြန်မာပြည်သူလူထုကြီးက လေးစားချစ်ခင်ရတဲ့ ကိုကျော်သူရဲ့  “ရှင်းတမ်း” ရေးသားချက်ကို အလေးအနက်ထား ဖတ်ဖြစ်အောင် ဖတ်ကြပါဦး။ ဆိုင်းဘုတ်စိုက်ထားသူတွေ ဒဏ်ငွေရိုက်မယ့်သူတွေပါ ဖတ်ရအောင်ပါ။
ကိုကျော်သူရဲ့  “ရှင်းတမ်း” ရေးသားချက်ကို ကိုကျော်သူရဲ့  facebook မှ ပြည်လည်မျှဝေဖေါ်ပြခြင်း ဖြစ်ပါသည်။

အမှန်ကို အမှန်အတိုင်း သိမြင်ပြောဆိုရေးသားတဲ့ ကိုကျော်သူကို အင်မတန် လေးစားရပါတယ်ခင်ဗျာ။
Kyaw Thu Open Letter
ကိုနစ်နေမန်းမှရယူပါသည်။



Thursday, February 4, 2010

နှစ် ၁၅၀၀ ကျော်က ဗုဒ္ဓ ကျောင်းတော်ကြီး ဘင်္ဂလာဒေခ်ျ့တွင် တူးဖေါ်တွေ့ရှိ



မောင်ရမ္မာ (နိရဉ္စရာ) ဘင်္ဂလာဒေ့ခ်ျနိုင်ငံ အနောက်မြောက်ပိုင်း ပေါင်စောင်ဂေါ် ခရိုင်တွင် လွန်ခဲ့သည့် နှစ်ပေါင်း ၁၅၀၀ ကျော်က တည်ဆောက်ခဲ့သော ဗုဒ္ဓ ကျောင်းတော်ကြီး တခုကို ဇန္န၀ါရီလ ၁၀ ရက်နေ့က မြေအောက်မှ တူးဖေါ် တွေ့ရှိသည်။

ကျောင်းတော်ကို ပေါင်စော်ဂေါ်မြို့မှ ၁၆ ကီလိုမီတာ အကွာတွင် တည်ရှိသော အော်မိုခါနာ မြို့နယ်ခွဲရှိ ဘိတောဂေါ်ရ် ကျေးရွာရှိ ရှင်ဘုရင် တပါးပါး နေခဲ့သည်ဟု ခန်းမှန်းရသော တောင်ကုန်းကို တူးဖေါ်စဉ် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

တူးဖေါ်ရာကို ဦးဆောင်သူ တဦးဖြစ်သည့် ရှေ့ဟောင်း ဦးစီးဌာနမှ ဒေါက်တာ ချာဟာနာ ဟူဆေ ဂျာဟန်က အဆိုပါ ကျောင်းတော်ကို အေဒီ ၆ ရာစုနှင့် ၇ရာစု အတွင်းက တည်ဆောက်ခဲ့သော ကျောင်းတော်ကြီး တခု ဖြစ်သည်ဟု ပြောသည်။

၎င်းပြင် သူမက ကျောင်းတော်မှာ ရှေးခေတ် ကုန်ပိုင်း ကုန်သွယ်သွားလာရာ လမ်းတွင် တည်ရှိခဲ့သဖြင့် တိဗက်၊ ဘူတန်၊ နီပေါနှင့် အိန္ဒိယ ဘီဟာ တို့နှင့် ဆက်စပ်မူ ရှိကြောင်း ပြောသည်။

တူးဖေါ် တွေ့ရှိခဲ့သော ဘုန်းတော်ကြီးကျောင်းမှာ အလွန်ကျယ်ဝန်းပြီး အခန်းများကို အုတ်များနှင့် တည်ဆောက်ထားသဖြင့် ယခင်က ဘာသာရေး ခေါင်းဆောင်များကို အသိအမှတ်ပြုပြီး တည်ဆောက် ပေးခဲ့သည့် ကျောင်းတော် အဆောက်အဦး တခု ဖြစ်နိုင်သည်ဟု သူမက ခန်းမှန်း ပြောဆိုသည်။

၎င်းနေရာတွင် အဆိုပါအဆောက်အဦးမျိုး တည်ရှိမည်ဟု ရှေးဟောင်း ဦးစီးဌာနမှ ခန်းမှန်းထားခဲ့ပြီး ဒက္ကားမြို့ရှိ University of Liberal Arts Bangladesh ကျောင်းမှ ပါမောက္ခ ချာလာနာ ဟူဆေ ဂျာဟန်မှ ဦးဆောင်ပြီး အဆိုပါ ကျောင်းမှ နောက်ဆုံးနှစ် ကျောင်းသားများနှင့် သွားရောက်တူးဖေါ် ခဲ့ခြင်း ဖြစ်သည်။

ကျောင်းတော်ကို ၂၀၀၉ ခုနှစ် ဇန္န၀ါရီလ ကပင် စတင်ရှာဖွေတူးဖေါ်နေခဲ့ရာ ယခုနှစ် ဇန္န၀ါရီလ ၁၀ ရက်နေ့တွင် အဆိုပါ အဆောက်အဦးကို စတင် တွေ့ရှိ ခြင်းဖြစ်သည်။

ယခုတွေ့ရှိခဲ့သော အဆောက်အဦးကို အေဒီ ၇ ရာစုအတွင်းက ပြုလုပ်သော အုတ်များဖြင့် တည်ဆောက်ထားပြီး အာရှတွင် အကြီးဆုံး အဆောက်အဦးကြီး တခု ဖြစ်နိုင်သည်ဟု အဆိုပါ တူးဖေါ်ရေး အဖွဲ့က ခန်းမှန်းထားသည်။

ဒေသခံများကမူ ၎င်းနေရာကို ရှေးဟောင်းမြို့တော် အဖြစ် သတ်မှတ်ပေးရန် အစိုးရကို တောင်းဆိုထားသည်ဟုလည်း သိရသည်။

အလားတူ အဆိုပါနေရာမှာ ရှေးဘုရင်များက တိဘက်၊ ဘူတန်၊ တရုတ်၊ နီပေါ၊ အိန္ဒိယ၊ ပါကိစ္စတန်နိုင်ငံများနှင့် စီးပွားရေးအရ ဆက်သွယ်ရာတွင် ဗဟိုဌာနချုပ်အဖြစ် အသုံးပြုခဲ့သော နေရာလည်း ဖြစ်နိုင်သည်ဟုလည်း ခန်းမှန်းပြောဆိုနေကြသည်။

ယခုတွေ့ရှိသော အဆောက်အဦးသည် ယခင်က ဘင်္ဂလာဒေ့ခ်ျနိုင်ငံအတွင်း အာသံ၊ ကုစဘီဟ၊ မိန်နာမူတီ၊ ပါဟပူလ်၊ မော်ဟာစ်ထန်နော် ဒေသများတွင် တူးဖေါ်တွေ့ရှိခဲ့သော အဆောက် အဦးများနှင့် တူညီသည်ဟု သိရသည်။

ယခုတွေ့ရှိသော အဆောက်အဦးနှင့်အတူ တခြားအဆောက်အဦးဟောင်း ၁၂ ခုကိုလည်း တူးဖေါ်တွေ့ရှိထားသည်။
(နိရဉ္စရာ)မှဖေါ်ပြပါသည်။



ယခုနှစ်တွင်လည်း ကျော်သူ အကယ်ဒမီပွဲဖိတ်စာ မရ

စနေနေ့တွင် ကျင်းပမည့် အကယ်ဒမီဆုပေးပွဲ အခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားခြင်း မခံရကြောင်း သရုပ်ဆောင် ကျော်သူက ပြောသည်။
အကယ်ဒမီဆုဟု ထင်ရှားသည့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲ ဖိတ်စာ မရရှိခဲ့သည်မှာ ၂ နှစ် ဆက်တိုက် ရှိပြီဖြစ်သည်ဟု ဆိုသည်။“ကျနော့်ကို ဖိတ်စာလည်း မပို့ဘူး၊ ဖိတ်စာ ရရမယ့် လူစာရင်း ထဲမှာလည်း မပါဘူး။ အနုပညာနဲ့ ပတ်သက်ပြီး ဘာမှ လုပ်ခွင့်မရတာ။ နာမည်တောင် ပါခွင့် မရဘူးလေ။ ကျနော့်ကို ဒီရုပ်ရှင်လောက ထဲကနေ မောင်းထုတ်ထားတဲ့ သဘောပေါ့” ဟု ရုပ်ရှင်နှင့်ဗီဒီယို သရုပ်ဆောင် အကယ်ဒမီ ကျော်သူက ဧရာဝတီကို ပြောသည်။
၂၀၀၇ ခုနှစ်တွင် ကျော်သူက ဆန္ဒပြသည့် သံဃာများကို ဆွမ်းကပ် သည့်အတွက် အာဏာပိုင်တို့က အငြိုးထားပြီး သူ၏ အနုပညာ လုပ်ငန်းများနှင့် ပတ်သက်သမျှကို ပိတ်ပင်တားဆီးခြင်း ဖြစ်သည်ဟု ကျော်သူက ယူဆသည်။
ပြီးခဲ့သည့်နှစ်က မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံးက ကျင်းပသည့် မြန်မာ့ရုပ်ရှင် ၈၉ နှစ်ပြည့် အခမ်းအနားတွင် ချိတ်ဆွဲခဲ့သော အသံတိတ် ခေတ်မှ ဆေးရောင်စုံခေတ် အထိ ထင်ရှားသည့် သရုပ်ဆောင်တို့၏ ပုံများထဲတွင် ကျော်သူ၏ ဓာတ်ပုံ ပါဝင်ခြင်း မရှိပေ။
 
(မီဒီယာတွင် ကန့်သတ်ပိတ်ပင် ခံနေရသော သရုပ်ဆောင် ကျော်သူသည် ထင်ရှားသည့် လူမှုရေး အဖွဲ့ဖြစ်သည့် နာရေးကူညီမှု အသင်း၏ လုပ်ငန်းများကို ဦးဆောင် လုပ်ကိုင်လျက် ရှိသည်။ လွန်ခဲ့သည့် ၃ လက သူ၏ အသက် ၅၀ ပြည့် မွေးနေ့တွင် မိတ်ဆွေများကို နေအိမ်သို့ ဖိတ်ခေါ်ပြီး သူဖန်တီးထားသော ပန်းချီနှင့် ဓာတ်ပုံများ ပြသခဲ့သည်။)

ဧရာဝတီ



Wednesday, February 3, 2010

တောင်ကိုရီးယားရောက် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ

ခေတ်ဆန်ဖို့မလိုပါ။ ခေတ်မီဖို့သာ လိုပါတယ်။

" ခေတ်ဆန်သူသို့ "

ခေတ်ဆန်သူ တပည့်မတို့
သတိရပေရှာ၊
အဓိက စေတနာငယ်၊
မေကညာခင်ထွေး။
ဆရာမ လွန်ကြင်နာလျှင်၊
သွန်သင်တာ မှတ်တော့ မနှေး။

ကာလဖြင့် ပျက်ချင်ပြီ၊
ဖက်ရှင်တွေရှုပ်ထွေး၊
အရှက်တွင် အဟုတ်ဝေးပါပေါ့၊
လှုပ်လှုပ်ကလေး တုံတုံ။
ဖန်ပေါင်းချောင်ရေအတွင်း၊
ရွှေငါးကြင်း လွတ်သည်သို့ကြုံ။

အင်္ကျီက အပါးစုံသည်၊
အသား ပုံဝါဝင်းလို့၊
ကျပ်တင်းတင်းတရားကွာ၊
ခါးကတစ်ထွာ။

မောင်အဘ အားနာလျှင်၊
မှားတာကို ပြင်ကြစို့လေး။
မြန်မာညွန့်ညှိုး မကုန်အောင်
အမျိုးဂုဏ် ဆယ်ကြစို့လေး

အမည်မသိစာဆိုတစ်ဦး

ဟုတ်ပါတယ်။အထက်က ကဗျာကိုကျမလည်းသဘောကျတယ်။
ရှာရှာဖွေဖွေဖေါ်ပြပေးတဲ့ ကိုမျိုးချစ်ကိုလည်း ကျေးဇူးတင်ပါတယ်။

ကျမအမြင်ပြောရရင်တော့ ခေတ်ဆိုတာ ဆန်တက်စရာ မလိုပါဘူး။
ခေတ်ရေစီးကြောင်းဆိုတာ သူ့ဖာသာသူ အချိန်ကာလအလိုက် ပြောင်းလဲ
စီးဆင်းနေတာမျိုးပါ။ ရေစီးကြောင်းကိုဆန်မယ်ဆိုရင် အများနဲ့ဆန့် ကျင်သွားမယ်၊
မလိုလားအပ်တဲ့ ပင်ပန်းမှုမျိုးတွေလည်း ကြုံရမယ်။ အာလုံးအလယ်မှာ
ထူးထူးခြားခြား ကြောင်တောင်တောင်ကြီးလည်း ဖြစ်နေမှာပဲနော်။

ခေတ်ကို အမှီလိုက်ဖို့ပဲလိုတယ်လို့ထင်ပါတယ်။

ကျမလည်း ငယ်တုန်းကတော့ အူကြောင်ကြားပါပဲ။
ခေတ်ဆန်တာတွေ ခေတ်မီတာတွေကို ဂဃနဏမတွေးခဲ့မိဘူး။

တနေ့..
ကျမရဲ့ အူကြောင်ကြားစိတ်ဓါတ်တွေ ပြောင်းသွားမယ့်နေ့ပေါ့။
ကျမတက်နေတဲ့ ပြင်သစ်ယဉ်ကျေးမှုသင်တန်းကျောင်းက ပြင်သစ်လူမျိုးဆရာက
ဖက်ရှင် အကြောင်းနဲ့ပါတ်သက်ပြီး စာသင်ရင်းနဲ့ ဒီအတန်းထဲမှာလည်း
သူ့နေရာဒေသ၊ရာသီဥတုနဲ့ အချိန်ကိုလိုက်ပြီး ဖက်ရှင်ကျကျ ဝတ်တတ်တဲ့
သင်တန်းသူဆိုလို့ တယောက်ပဲရှိတယ် လို့ပြောတယ်။
အားလုံးက သူလား? ငါလား? ပေါ့လေ။

အဲသည်အချိန်မှာ ဆရာညွှန်ပြလိုက်တဲ့ ကောင်မလေးက ဘယ်သူမှထင်မထားတဲ့
တန်ဖိုးသိပ်မကြီးလှတဲ့ သာမာန်ပေါ့ပေါ့ပါးပါး ချည်သားblouseလေးတွေဝတ်တတ်ပြီး
လွယ်အိတ်လွယ်ပြီး သင်တန်းလာတက်တဲ့ ကောင်မလေးပေါ့။
သူ့နာမည်မှာလည်း နန္ဒာပါတယ်။

ဒါနဲ့ ကျမကလည်း စွာကျယ်တို့ရဲ့ ထုံးစံအတိုင်း ဆရာ့ကို စောဒကတက်မိတာပေါ့နော်။
ဘာဖြစ်လို့ အဲလိုပြောနိုင်ရတာလဲလို့ပေါ့....
သည်မှာတင် ဆရာကရှင်းပြတယ်လေ၊ ပူအိုက်လွန်းတဲ့ ရန်ကုန်နွေခေါင်ခေါင်မှာ
ဂျင်းဘောင်းဘီဝတ်ပြီး သင်တန်းလာတဲ့သူတွေ၊ ပြေးလွှားတွန်းထိုးပြီးတက်စီးရတဲ့ ဘတ်စ်ကား
နဲ့ဘယ်လိုမှ အဆင်မပြေ၊အမြင်မတော်တဲ့ ခွဲကြောင်းရှည်စကတ် ခပ်ကျပ်ကျပ်ဝတ်လာတဲ့သူတွေ၊
ပခုံးမှာသာချိတ်ထားရင် လက်နှစ်ဖက်စလုံးအားပြီး လွတ်လွတ်လပ်လပ် လမ်းလျှောက်နိုင်ပါလျက်နဲ့
သက်သက်မဲ့ လက်ထဲမှာ အလုပ်ရှုပ်ခံ၊ဈေးကြီးပေးရပြီး၊ စာအုပ်နဲ့မင်တံလောက်ကလွဲလို့ တခြားဘာမှ
ထည့်လို့မရတဲ့၊ လွယ်အိတ်မဟုတ်တဲ့ ဖိုင်တွေတကိုင်ကိုင်နဲ့ သင်တန်းလာတက်တဲ့သူတွေနဲ့နှိုင်းစာရင်
အဲသည်ကောင်မလေးကို ကြည့်ရတာအတော့်ကို လွတ်လပ်ပေါ့ပါးပြီး၊နေသာထိုင်သာရှိမယ့်ပုံပေါက်တယ်တဲ့။
မြင်ရသူအဖို့ ငြိမ်းချမ်းသတဲ့....

အဲသည်မှာတင် ဆရာကဆက်ပြောတယ်လေ....
တကယ်ဆို နည်းပညာတွေ၊ အတတ်ပညာတွေတိုးတက်နေတဲ့ ခေတ်ကြီးကို အမှီလိုက်နိုင်အောင် သင်တို့လည်း
ပြင်သစ်ဘာသာစကားကို ရည်ရွယ်ချက်အမျိုးမျိုးနဲ့ လာသင်ကြတာမဟုတ်လားတဲ့။
စိတ်ဓါတ်တွေက ခေတ်ကိုမီနေပြီပဲ၊ ဝတ်စားဆင်ယဉ်မှုက ဘာလို့ခေတ်ကိုဆန်ချင်ကြရတာလဲတဲ့...
ခေတ်ကိုဆန်ခြင်းဖြင့် မလိုလားအပ်တဲ့ဆိုးကျိုးတွေပဲ ရနိုင်ပါတယ်တဲ့။ အထူးသဖြင့် အမျိုးသမီးများ
ခေတ်ဆန်လွန်းရင် အန္တရာယ်ကို ဖိတ်ခေါ်နေသလိုပါပဲတဲ့။
ဆရာ့ရဲ့  သရော်သိုလို လှောင်သလိုလို အထင်သေးမှုလည်း ပါနေသလိုလို မခိုးမခန့်  အကြည့်အောက်မှာ အားလုံးလိုလိုဟာ
အဖိုးတန်ဂျင်းဘောင်းဘီကို လောလောဆယ်မှာ ထမီစုတ်နဲ့ပဲဖြစ်ဖြစ် လဲပစ်လိုက်ချင်စိတ်၊ စကတ်အကွဲကြီးတွေကို
ကမန်းကတမ်း အပ်ချည်နဲ့အပ်ပြေးဝယ်ပြီး သီချုပ်လိုက်ချင်စိတ်ဖြစ်ခဲ့ကြရတယ်။

အိမ်ကလူကြီးမိဘတွေကပြောရင် လူကြီးတွေက ခေတ်နောက်ကျနေပြီ၊ ခေတ်ချင်းကတူတာမဟုတ်တော့ဘူး....စသဖြင့်
ဆင်ခြေအမျိုးမျိုးပေးပြီး နားမထောင်ခဲ့တဲ့ ကျမဟာ တိုင်းတပါးလူမျိုးခြားက ပြောလိုက်တော့မှ နာရကောင်းမှန်း သိခဲ့ရတယ်။
ရှက်တတ်ခဲ့တယ်။
အခုဆိုရင် နိုင်ငံခြားတိုင်းပြည်တွေမှာ အကြောင်းအမျိုးမျိုးနဲ့ နေထိုင်နေကြတဲ့ မြန်မာအမျိုးသမီးငယ်လေးများကိုလည်း
ကျမလိုမျိုး နိုင်ငံခြားသားက ပြောလာတော့မှပဲ ကိုယ့်ကိုကိုယ် သတိထားမိတဲ့ အနေအထားမျိုး၊ ခံစားမှုမျိုး မကြုံစေချင်ပါဘူး။

ဟိုပေါ်ဒီပေါ် ပေါ်တယ်ဆိုတာ ခဲရာခဲဆစ်၊ကြံကြံဖန်ဖန်၊နက်နက်နဲနဲ တွေးပြီးရှက်ရတာမျိုးမဟုတ်ပါဘူးနော်၊
ကလေးအတွေးနဲ့တင် ရှက်မယ်ဆိုရင် ရှက်လို့ရပါတယ်။

လွယ်လွယ်နဲ့တိုတိုပြောရရင်တော့ ခေတ်ဆန်ဖို့မလိုပါ။ ခေတ်မီဖို့သာ လိုပါတယ်။

Tuesday, February 2, 2010

ယုံကြည်ချက်ကဗျာများ

16315069 Poems of Conscious Vol 1                                                             
ဒီမိုဝေယံမှရယူပါသည်။

ပုဂံနန်းတော်(ပုဂံတပ်)တံတား ကျပ်သိန်း (၂ဝဝ) ကျော်ကုန် တည်ဆောက်

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ပုဂံတပ်ကျေးရွာအနီး ပေ(၁၂ဝ)အရှည်ရှိ ပုဂံတပ်တံတားမှာ အသွားအလာ များပြားပြီး ပျက်စီး ယိုယွင်းနေသဖြင့် မန္တလေးမြို့ အနောက်ခင်မ ကန်တိုက်မိုးတား ဆရာတော် (သ၊စ၊အ)ဓမ္မာစရိယ (ဝဋံသကာ) ဒီဃနိကာယ ပါဠိပါရဂူ၊ မဟာ ဓမ္မ ကထိက ဗဟုဇနဟိတဓရ အဂ္ဂမဟာ ဓမ္မကထိက ပိဋကတ္တယပါရဂူ နိုင်ငံတော် ဗဟိုသံဃာ ဝန်ဆောင် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသူရိယဘိဝံသ ဦးစီး၍ ကျပ်သိန်း (၂၅ဝ)ကျော် ကွန်ကရစ် အုတ်တံတား အဖြစ် ပြုပြင် တည်ဆောက်လျက် ရှိသည်။ တံတား တည်ဆောက် ရာတွင် ခမည်းတော်ကြီး ဦးဌေး၊ မယ်တော်ကြီး ဒေါ်သောင်း တို့ကို ရည်စူး၍ ဆရာတော် ဘဒ္ဒန္တသူရိယဘိဝံသက ကျပ်သိန်း(၅ဝ)၊ ဦးမြင့်သန်း+ ဒေါ်ဝင်းဝင်းဌေး (မြန်မာသံလွင် သံမဏိ သံရည်ကျိုစက်ရုံ)မိသားစု စက်မှုဇုန်မန္တလေးမှ ကျပ်သိန်း(၂ဝ)၊ ဦးနု-ဒေါ်ခင်မာကြူ မိသားစု(ကြည့်မြင်တိုင်) ရန်ကုန်မှ ကျပ်(၁ဝ)သိန်း အပါအဝင် အလှူရှင်များက စုပေါင်း ပါဝင် လှူဒါန်းငွေဖြင့် တည်ဆောက်လျက်ရှိသည်။ အဆိုပါတံတား ကောင်းမွန် သွားပါက ပုသိမ်ကြီးမြို့နယ်၊ မတ္တရာမြို့နယ်၊ ကျွန်းပိုင်း ကျေးရွာပေါင်း(၂ဝ)ကျော်မှ ကျွန်းကိုင်း တောင်သူ မိသားစုများ မန္တလေးမြို့သို့ သွားလာ ဆက်သွယ်မှု၊ သီးနှံ ကုန်စည်များ သယ်ယူ ပို့ဆောင်မှု လွယ်ကူ လျင်မြန် လာမည် ဖြစ်ကြောင်း သိရသည်။
မန်းကြီး ဟံသာဝတီ | HANTHAWADDY